Skip to main content

ဗဟိုအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီနှင့် ဒေသဆိုင်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီများ၏ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ

 

နေပြည်တော် ဒီဇင်ဘာ ၁၅  

ဗဟို အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက် ရေး အေဂျင်စီနှင့် ဒေသဆိုင်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီတို့၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့် စနစ် ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ဗဟို MSME အေဂျင်စီဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ MSME အေဂျင်စီ တွဲဖက်ဥက္ကဋ္ဌ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မင်းရဲပိုင်ဟိန်း၊ လုပ်ငန်းသုံး သပ်မှုနှင့် ညှိနှိုင်းအကောင်အထည်ဖော်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း (နာယက) ဦးခင်မောင်ကျော်၊ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသီးသီးရှိ Regional MSME Agency များ၏ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး တွဲဖက်အတွင်းရေးမှူးများနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်ကြ သည်။

အစည်းအဝေးတွင် MSME အေဂျင်စီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်ထူး က ကိုဗစ် ကာလအလွန်တွင် MSME လုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များအား Regional MSME Agency များနှင့် ပူးပေါင်း ဆောင်ရွက် သွားနိုင်ရေး၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)/ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ရေးဆွဲခဲ့သော Action Plan များ အပေါ် ဦးစားပေး ထုတ်ကုန်ကဏ္ဍနှင့် ဦးစားပေး ဝန်ဆောင်မှုလုပ်ငန်းများ ရွေးချယ်ကာ Pilot Project များ အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ MSME လုပ်ငန်းများ အတွက် ဝန်ဆောင်မှုလုပ်ငန်းများ ပိုမို လျှင်မြန်စွာ ဆောင်ရွက်နိုင်ရန် MSME Agency ရုံးများ တည်ထောင်ဖွင့်လှစ်နိုင်ရေးနှင့် အဆိုပါ ရုံးများတွင် One Stop Service ပေးနိုင်ရေး၊ MSME လုပ်ငန်းများ ရှင်သန်ရပ်တည်နိုင်ရန်အတွက် အဓိကဆောင်ရွက်ပေးရမည့် လုပ်ငန်းစဉ် များထဲ မှ e-commerce နှင့် Digital နည်းပညာကို လွယ်ကူအဆင်ပြေစွာ သုံးစွဲလာနိုင် စေရေး၊ SME ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေအရ MSME မှတ်ပုံတင်ခြင်း ကိစ္စရပ်များကို ဒေသ ဆိုင်ရာ MSME Agency မှ ဆောင်ရွက်ပေးနိုင်ရေး၊ စီးပွားရေး ရည်မှန်းချက်များ အောင်မြင် စွာဆောင်ရွက်နိုင်ရန် တစ်ခုအပါအဝင်ဖြစ်သော MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဗဟို MSME Agency နှင့် ဒေသဆိုင်ရာ MSME Agency များ ပူးပေါင်း၍ ချိတ်ဆက် ဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေး ပြောကြားသည်။

ထို့နောက် MSME အေဂျင်စီ တွဲဖက်ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်း က  ကိုဗစ်-၁၉ အလွန် ကာလတွင် ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ Myanmar Economic Resilience and Reform Plan (MERRP) ကို ရေးဆွဲလျက်ရှိသည့် အခြေအနေများနှင့် MERRP  ကို အကောင်အထည်ဖော်ရာတွင် CERP, MERRP နှင့် MSDP တို့၏ မဟာဗျူဟာများကို တစ်ပြိုင်တည်း ချိတ်ဆက်ဆောင်ရွက်ရေး၊ New Normal အခြေ အနေတွင် MSME Agency ၏ စွမ်းဆောင်ရည်ကဏ္ဍကို Normalထက် ပိုမိုမြှင့်တင် နိုင်ရေး၊ ပြည်ထောင်စု နယ်မြေ (နေပြည်တော်)/ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်  Incubation Center များ တည်ထောင် နိုင်ရေး၊ အမျိုး သမီးများ၊ လူငယ်များနှင့် တိုင်းရင်းသားလုပ်ငန်းရှင် များအား  နိုင်ငံတွင်း/ဒေသတွင်းရှိ Supply chain သို့ ပါဝင် ဆောင်ရွက်နိုင်ရေးအတွက် ပံ့ပိုး ဆောင်ရွက်ပေးရေး ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် Regional MSME Agency များက ဒေသအလိုက် ရေးဆွဲခဲ့သည့် Regional MSME Action Plan များအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ၊ တွေ့ကြုံရသော အခက်အခဲများနှင့် ရှေ့ဆက် လက်ဆောင်ရွက်မည့် အစီအစဉ် များကို ဝိုင်းဝန်းဆွေးနွေးကြသည်။

ယင်းနောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများမှ တာဝန်ရှိသူများက မိမိတို့ ဒေသအလိုက် ဆောင်ရွက် လိုသည့် အစီအစဉ် များကို ဆွေးနွေးကြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဗဟိုအသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီ၊ ဒေသဆိုင်ရာ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင် စီများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသများမှ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင် များနှင့် တာဝန်ရှိ သူများသည် MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဒေသအလိုက် ဆောင်ရွက် သွားမည့် ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)