Skip to main content

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများ ပေးအပ်လှူဒါန်း

 

နေပြည်တော် ဒီဇင်ဘာ  ၁၅

Zeya and Associates Co., Ltd ၏ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။

ရှေးဦးစွာ Zeya and Associates Co., Ltd ၏ ဥက္ကဋ္ဌ ဦးဇေယျသူရမွန်က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ဆက်စပ်လုပ်ကိုင် နေသည့် Zeya and Associates Co., Ltd အနေဖြင့် လူမှုတာဝန်သိစိတ် (Corporate Social Responsibility (CSR)) ဖြင့် မြန်မာ နိုင်ငံ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် Injection Remdesivir များနှင့် Flat Pack Container Camp များ လှူဒါန်းခြင်းဖြစ်ပါကြောင်း၊ မိမိတို့ ကုမ္ပဏီ အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများတွင်လည်း ဆက်လက် ပါဝင် လှူဒါန်းသွားမည်ဖြစ်ပါ ကြောင်းပြောကြားသည်။

ထို့နောက် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး(၂)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ယခုကဲ့သို့ လှူဒါန်းမှုများ သည် မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း များတွင် များစွာ အကျိုးရှိမည် ဖြစ်သည့်အတွက် ကျေးဇူး တင်ရှိပါကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းများ အနေဖြင့်လည်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း များအတွက် လှူဒါန်းမှုများ ပြုလုပ်နေရုံသာမက ဆက်စပ်လုပ်ကိုင်လျက်ရှိသော ကုမ္ပဏီနှင့် အဖွဲ့အစည်းများအား လှူဒါန်းမှုများ ပြုလုပ်ရန် တိုက်တွန်းနှိုးဆော် ပေးနေမှုများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများ အားလုံး သည် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို တာဝန်ကိုယ်စီ ဘက်ပေါင်းစုံမှ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကွင်းဆက်ကို ဖြတ်တောက် နိုင်ရေး အတွက် အဓိကအရေး အကြီးဆုံး အချက်မှာ ပြည်သူများ၏ တာဝန် သိစွာဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်း များကို လိုက်နာဆောင်ရွက်ခြင်းပင် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် Zeya and Associates Co., Ltd ၏ ဥက္ကဋ္ဌ ဦးဇေယျသူရမွန်က ငွေကျပ် (၇၂၃) သိန်းတန်ဖိုးရှိ Injection Remdesivir (100 mg)  (၁,၀၀၂) ပုလင်း နှင့် Flat Pack Container Camp (၅) ခုတို့အား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တို့ရှေ့မှောက် တွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၊ တွဲဖက်အတွင်းရေးမှူး (၁)၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း ထံသို့လွှဲ ပြောင်းပေးအပ်ခဲ့ပြီး အမြဲတမ်းအတွင်းဝန်က မှတ်တမ်းတင်ဂုဏ်ပြုလွှာ ပြန်လည် ပေးအပ်သည်။

(သတင်းစဉ်)