Dec 17, 2020
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ဦးဆောင်သည့် ဝန်ကြီးအဖွဲ့မှ မူဆယ်မြို့၊ မြို့အဝင်စစ်ဆေးရေးဂိတ်၌ တာဝန် ထမ်းဆောင်ကြသည့် မူဆယ်မြို့ (ကိုဗစ်-၁၉) စစ်ဆေးရေးဂိတ်၌ တာဝန်ထမ်းဆောင်ကြသည့် မူဆယ်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီအဖွဲ့ ဌာနဆိုင်ရာ၊ ပရဟိတနှင့် အဖွဲ့များအား ယမန်နေ့ ညနေ (၅)နာရီ အချိန်ခန့်က ကျန်းမာရေး အသုံးအဆောင်ပစ္စည်းများနှင့် အာဟာရဖြည့် အစားအစာများကို ပေးအပ်လှူဒါန်းသည်။
Dec 17, 2020
စင်ကာပူနိုင်ငံမှ အလှည့်ကျအိမ်ရှင် အဖြစ် ကျင်းပပြုလုပ်သည့် (၉)ကြိမ် မြောက် အာဆီယံ ဉာဏ်စမ်း ပဟေဠိ ပြိုင်ပွဲ (ဒေသတွင်းအဆင့်) 9th ASEAN Quiz-Regional Level ပြိုင်ပွဲအား ဒီဇင်ဘာ ၁၆ ရက်မှ ၁၇ ရက်အထိ အွန်လိုင်းမှတစ်ဆင့် ကျင်းပမည် ဖြစ်ရာ မြန်မာနိုင်ငံ ကိုယ်စားပြု ကျောင်းသူ သုံးဦးကလည်း မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား (ပြည်လမ်း-ရန်ကုန်)ရှိ စတူဒီယိုခန်းမမှ ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်သဖြင့် အာဆီယံ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပနိုင် ရေးအတွက် အာဆီယံနိုင်ငံများရှိ ပြန်ကြားရေးဆပ်ကော်မတီ အသီးသီး မှ တာဝန်ရှိသူများ၊ ကြီးကြပ်သူ ဆရာ ဆရာမများ အပါအဝင် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ စုပေါင်း၍ အကြို ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခြင်း၊ အစမ်းလေ့ကျင့်ခြင်းများကို ယမန်နေ့ နံနက်နှင့် မွန်းလွဲပိုင်းတို့တွင် အွန်လိုင်း မှတစ်ဆင့် ကျင်းပခဲ့ကြောင်း သိရသည်။
Dec 17, 2020
လဂွန်းပြင်ရေပေးဝေရေးစီမံကိန်းသည် ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ ဒဂုံမြို့သစ် လေးမြို့နယ်နှင့် သာကေတ၊ ဒေါပုံမြို့နယ်များသို့ ရေပေးဝေမည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။
Dec 17, 2020
ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေအရာရှိ များ၏ အဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၅ ရက်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်း အဝေးခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
Dec 17, 2020
မိန်းကလေးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန်စီစဉ်ခဲ့သူများအား လူကုန် ကူးမှု တားဆီးကာကွယ်ရေး ဥပဒေအရ အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ စီချမှတ်ခဲ့ကြောင်း သိရသည်။
Dec 17, 2020
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၅ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် မိုးညှင်းမြို့နယ်၊ ကာဒူကျေးရွာအုပ်စု၊ ခါနန်ကျေးရွာရှိ မျိုးဆော့(ခ)မာလ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၀၀ နှင့် ဘိန်းဖြူ သုည ဒသမ ၀၀၂၇ ကီလိုတို့ကို လည်းကောင်း။
Dec 17, 2020
ဒီမိုကရေစီ ပိန်းပိတ်မှောင်ကျ ခေတ်ကာလကို ဆန့်ကျင်တော်လှန် ကြရင်း၊ တရွေ့ရွေ့ ပြောင်းလဲလင်းလက်ဖို့ အာလာကာ ခေတ်သစ် ကို စတင် ချင်းနင်းလာပြီဖြစ်သော်လည်း ယနေ့မြန်မာနိုင်ငံသည် ဒီမိုကရေစီ နိုင်ငံတော်ဟူ၍ ဂုဏ်ဖော် ကြွေးကြော်လို့မရသေးသည့် အခြေအနေ ဖြစ်ပါသည်။
Dec 17, 2020
ပုဂံခေတ် “မြစေတီကျောက်စာ” သည် မြန်မာစာပေသမိုင်းတွင် ရှေးအကျဆုံး မြန်မာစာဖြစ်သည်ဟူသော မှတ်တမ်းအရ မြန်မာစာပေ ထွန်းကားလာ သည်မှာ နှစ်ပေါင်း တစ်ထောင်ခန့်ရှိပြီဖြစ်သည်။ ယင်းမှစ၍ ရှေးအစဉ်အဆက် ထင်ရှားပြောင်မြောက်သည့် မြန်မာစာဆိုများနှင့်စာပေများ ပေါ်ထွန်းလာ သည်တို့ကို ထောက်ရှုခြင်းအားဖြင့် မြန်မာနိုင်ငံအား မိမိတို့၏ကိုယ်ပိုင်စာပေကို မြတ်နိုးတန်ဖိုးထားသော နိုင်ငံအဖြစ် ဂုဏ်ယူဖွယ်ရာ ရှုမြင်ခံစား ရမည်ဖြစ်ပါ သည်။
Dec 16, 2020
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်ကို ဂုဏ်ပြု သော အားဖြင့် မြန်မာ့အသံ(ရေဒီယို)တွင် ထင်ရှားကျော်ကြားခဲ့သော တေးသီချင်းများ အနက်မှ (၇၅)ပုဒ်ကိုရွေးချယ်ပြီး အပတ်စဉ် သောကြာနေ့တိုင်း MRTV ၏ ည ၈ နာရီသတင်းအပြီးတွင် ထုတ်လွှင့် လျှက်ရှိရာ ဒီဇင်ဘာ ၁၈ ရက် ညတွင် ပွဲစဉ် (၂)ကို ဆက်လက်ဖျော်ဖြေမည် ဖြစ်သည်။
Dec 16, 2020
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာလအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည် လုပ်ကိုင် လည်ပတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြည်သူကို အသိပညာ မျှဝေပေး မည့် “ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ် ” ကို နိုဝင်ဘာ၂၅ရက်မှစ၍ အပတ်စဉ်ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့ များတွင် ညနေ ၆ နာရီခွဲမှ ည ၇ နာရီ အထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသလျက်ရှိသည်။