နေပြည်တော် ဒီဇင်ဘာ ၁၅
ကရင်ပြည်နယ်၊ မြိုင်ကြီး ငူအထူးဒေသရှိ IDP စခန်းများ ပိတ်သိမ်းရေးနှင့် ပြန်လည်နေရာ ချထားရေး ဆက်လက် ဆောင်ရွက် မည့်လုပ်ငန်းများ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်း ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချ ထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာ ဝင်းမြတ်အေး က မိမိတို့ အနေဖြင့် ကရင်ပြည်နယ်၊ မြိုင်ကြီငူ အထူးဒေသရှိ IDP စခန်း များတွင် နေထိုင် သူများအား ပြန်လည် နေရာချထားရေး၊ စခန်းများပိတ်သိမ်းရေးကို ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချ ထားရေးနှင့် ယာယီ ခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသား အဆင့်မဟာဗျူဟာအတိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော် အစိုးရက ဦးတည်ဆောင်ရွက် လျက်ရှိသော တိုင်းရင်းသား အရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနှင့် ရေရှည် တည်တံ့ခိုင်မြဲမည့် လုံခြုံဖွံ့ဖြိုးတိုးတက်ရေးတို့ကို မိမိတို့ဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်ရသည့် ကဏ္ဍအလိုက် ကြိုးစားအကောင်အထည် ဖော်ခြင်း ဖြစ်ကြောင်း။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ အစည်းအဝေးက ချမှတ်ထားသော ပြည်ထောင်စု သဘောတူ စာချုပ်များ၏ လူမှုရေး ကဏ္ဍတွင် ပြည်တွင်းနေရပ်စွန့်ခွာ သူများအား ခွဲခြား ဆက်ဆံမှုမရှိဘဲ နိုင်ငံတကာစံချိန် စံညွှန်းများနှင့်အညီ လူ့အခွင့် အရေးကို လေးစားလိုက်နာပြီး ရေရှည်ရှင်သန်ရပ်တည်ရေးကို ဦးတည်၍ စနစ်တကျ ဆောင်ရွက်ရန်နှင့် ပြည်တွင်းနေရပ်စွန့်ခွာရ သူများအား မိမိနေရပ် (သို့မဟုတ်) အခြားသင့်တော်သည့် အားလုံးသဘော တူညီသော နေရာတစ်ခု တွင် လူ့ဂုဏ်သိက္ခာနှင့်အညီ ဘေးကင်းလုံခြုံစွာ အခြေချ ပြန်လည် နေထိုင်ရန်ဆိုသည့် အချက်များကို အကောင်အထည်ဖော်ခြင်းလည်း ဖြစ်ပါကြောင်း၊ မြိုင်ကြီးငူ အထူးဒေသရှိ IDP စခန်းများတွင် နေထိုင်ကြသူများအား ပြန်လည်နေရာချထားရေး၊ စခန်းများ ပိတ်သိမ်းရေးနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရတို့ ပူးပေါင်း၍ အမျိုးသားအဆင့် မဟာဗျူဟာကို ၂၀၁၉ ခုနှစ် စက်တင် ဘာလ၌ အတည်မပြုမီကပင် စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ မဟာဗျူဟာပါ လုပ်ငန်း စီမံချက်များကို ရေးဆွဲရန် နှင့် ပြည်နယ်အဆင့် ကော်မတီများ ဖွဲ့စည်းရန်ကိုလည်း ဆက်လက် ဆောင်ရွက်ခဲ့ကြောင်း၊ ကရင် ပြည်နယ် အနေဖြင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာ ချထား ရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီကို ဖွဲ့စည်း ပြီးဖြစ်ကြောင်း။
မိမိတို့ဝန်ကြီးဌာနနှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့တို့ပူးပေါင်း၍ မြိုင်ကြီးငူအထူးဒေသရှိ မြတ်ပန်းဝတ်မှုံစခန်းနှင့် အေးလင်းမြတ်ရှင် (ကျောက်စာတိုင်ကွင်း) စခန်းများရှိ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးအတွက် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၈ ရက်က ကွင်းဆင်း ဆောင်ရွက်ခဲ့ပြီး မဟာဗျူဟာပါကဏ္ဍအလိုက် ဆောင်ရွက်ရန် လိုအပ်ချက်များကို ကနဦး ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာလနှင့် ကြုံဆုံ ခဲ့သော်လည်း အမျိုးသားအဆင့်ကော်မတီအနေဖြင့် လုပ်ငန်းများရပ်တန့်သွားခြင်း မရှိစေရေး အတွက် ပုံမှန်အစည်းအဝေးများကို Virtual Meeting ဖြင့် ဆောင်ရွက်ခြင်း၊ ပြည်နယ်အဆင့် ကော်မတီအနေဖြင့်လည်း ကွင်းဆင်း ညှိနှိုင်းမှုများကို ကိုဗစ်-၁၉ ဆိုင်ရာ သတ်မှတ်စည်းကမ်းချက် များနှင့်အညီ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက် လျက်ရှိ သည်ကို သိရှိရကြောင်း၊ ပြန်လည်နေရာချထားရေးလုပ်ငန်းများအတွက် စီစဉ်ဆောင်ရွက်နေစဉ် ကာလအတွင်း လိုအပ်သော ထောက်ပံ့မှုများကိုလည်း ပြည်နယ်အစိုးရနှင့် မိမိတို့ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြ ကြောင်း၊ ယခုအစည်းအဝေးတွင် လက်ရှိဆောင်ရွက်ပြီး အခြေအနေများကို ဆန်းစစ်ပြီး ရှေ့ဆက်၍ ပိုမိုတိုးတက်မှုရရှိအောင် ဆောင်ရွက်နိုင်ရေး ဆွေးနွေးပေးကြ ရန်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်း များ ပိတ်သိမ်းရေး ဆိုင်ရာ ပြည်နယ် အဆင့်ကော်မတီဥက္ကဌ ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ချုပ် ဒေါ်နန်းခင်ထွေးမြင့်က လက်ရှိတွင် မြိုင်ကြီးငူအထူးဒေသရှိ IDP စခန်းများတွင် နေထိုင်ကြသည့် အိမ်ထောင်စုတချို့အား ပြန်လည် နေရာချထားပေးနိုင်သည့် အခြေအနေများ၊ ကျန်ရှိသည့် အိမ်ထောင် စုများအတွက်လည်း အားလုံးသဘောတူသည့် မြေနေရာရွေးချယ်၍ လျာထားဆောင်ရွက် နေသည့် အခြေအနေများ၊ ဝန်ကြီးဌာနနှင့် ပူးပေါင်းထောက်ပံ့ ပေးနေသည့် အခြေအနေများကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက မြိုင်ကြီးငူ အထူးဒေသ သို့ ကွင်းဆင်း ညှိနှိုင်းဆောင်ရွက်ခဲ့သည့် အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် IDP စခန်းများရှိ နေရပ်စွန့်ခွာဒေသခံ ပြည်သူများက ပြန်လည် နေရာချ ထားရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ၎င်းတို့၏ ဆန္ဒများ၊ လိုအပ်ချက်များနှင့် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးကြသည်။
ယင်းနောက် သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူက ဆောင်ရွက် ထားရှိသည့် အစီအမံများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ ကရင်ပြည်နယ်လူမှုရေးဝန်ကြီး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်တို့က တိုက်ပွဲ ရှောင်ပြည်သူများအတွက် ဘေးကင်း လုံခြုံသော၊ ဂုဏ်သိက္ခာရှိသော၊ အမှီခိုကင်း သောဘဝများ ပြန်လည် တည်ဆောက်နိုင်ရေး၊ ပြန်လည်နေရာချထားမည့် နေရာဒေသများရှိ နေထိုင် သူများအားလုံး၏ ပညာရေး၊ ကျန်းမာရေးနှင့် အခြေခံဝန်ဆောင်မှုများ၊ နေအိမ်အဆောက်အဦ များနှင့် သက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့် အလမ်း များ ရရှိရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးကြ သည်။
ကရင်ပြည်နယ် မြိုင်ကြီးငူအထူးဒေသရှိ တိုက်ပွဲရှောင်စခန်းများသို့ ရောက်ရှိနေထိုင်သူ များသည် ၂၀၁၆ ခုနှစ်၊ စက်တင် ဘာလ အတွင်း၌ အိမ်ထောင်စု (၆၇၅) စု၊ လူဦးရေ (၃,၈၇၄) ဦး ရှိခဲ့ကာ ၂၀၁၇ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင်မူ အိမ်ထောင်စု (၃၃၂) စု၊ လူဦးရေ (၁,၆၅၂) ဦးသို့ ပြန်လည် လျော့ကျခဲ့ကြောင်း၊ သို့ရာတွင် နယ်မြေအခြေအနေအရ ၂၀၁၇ ခုနှစ်၊ မတ်လအတွင်းမှစ၍ အိမ်ထောင်စု (၁,၀၀၇) စု၊ လူဦးရေ (၅,၅၂၆)ဦးအထိ ပြန်လည်များပြားလာခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် အိမ်ထောင်စု (၈၇၁) စု၊ လူဦးရေ (၅,၂၈၁) ဦးရှိကြောင်း၊ ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာ ၁၅ ရက်နေ့ စာရင်းအရ အိမ်ထောင်စုပေါင်း (၇၂၄) စု၊ လူဦးရေ (၄,၅၇၄) ဦးရှိကြောင်း သိရသည်။
အဆိုပါ နေရပ်စွန့်ခွာ တိုက်ပွဲရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာထောက်ပံ့ခြင်း၊ လူမှုကာကွယ် စောင့်ရှောက် ရေး လုပ်ငန်းများအ တွက် ထောက်ပံ့ခြင်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအတွက် ထောက်ပံ့ခြင်း၊ မိုင်းထိ ဒဏ်ရာရသူများအား ထောက်ပံ့ခြင်း များအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ငွေကျပ်(၂၁၇)သန်း ကျော်နှင့် ကရင် ပြည်နယ် အစိုးရအဖွဲ့က ငွေကျပ်(၅၅) သန်းကျော် ထောက်ပံ့ ကူညီပေးခဲ့ပြီးဖြစ်သည်။ ညှိနှိုင်း ဆောင်ရွက်ထားရှိမှုများအရ လက်ရှိ တွင် ပြန်လည်နေရာချထားရန် အိမ်ထောင်စု (၄၉၉)စု ကျန်ရှိပြီး ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီ ခိုလှုံရာစခန်းများ ပိတ်သိမ်း ရေး ဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)