Dec 27, 2021
ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းနှင့် ကုန်သွယ်ရေးစခန်းများနှင့် ပို့ကုန်သွင်းကုန် ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်မည့် တာဝန်ခံများ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 27, 2021
နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ (ပထမအကြိမ်) အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်းခန်းမ၌ ကျင်းပသည်။
Dec 27, 2021
(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီး ကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
Dec 27, 2021
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ်ရှိ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်၊ ရုက္ခဗေဒဌာနနှင့် သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဗဟိုဌာနတို့တွင် ကျင်းပလျက်ရှိသည့် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံ ပညာရှင်အဖွဲ့ (၂၁) ကြိမ်မြောက် သုတေသန ညီလာခံ စာတမ်းဖတ်ပွဲ များကို လှည့်လှည်ကြည့်ရှုသည်။
Dec 27, 2021
တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် သူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့သင်တန်း အမှတ်စဉ် (၁၉) နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာ သိပ္ပံဘွဲ့သင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အဆိုပါ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။
Dec 27, 2021
ကုန်စည်များ စဉ်ဆက်မပြတ်ဖွံ့ ဖြိုးတိုးတက်စေရန် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ ပေါင်းကူးဆက်သွယ်ထားသော ရန်ကုန်-ပုသိမ်လမ်းနှင့် ရန်ကုန် - ညောင်တုန်းလမ်းတို့ကို ရန်ကုန်ပြည်လမ်း အမှတ် (၁) လမ်းကဲ့သို့ ယာဉ်လမ်းအန္တရာယ်လုံခြုံမှုရှိစေရန်နှင့် သန့်ရှင်းသာယာလှပစေရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။
Dec 27, 2021
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာန ပေါင်းစုံအားကစားပြိုင်ပွဲများအဖြစ် အားကစားနည်း ခြောက်နည်းကို ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ရက်အထိနေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (Sports Complex) ရှိ သက်ဆိုင်ရာ အားကစားကွင်း / အားကစားရုံ များတွင် ကိုဗစ် -၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ကျင်းပလျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် ကျင်းပလျက်ရှိသော (အမျိုးသား ၊ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲနှင့် ဖူဆယ် (အမျိုးသား) ပြိုင်ပွဲများသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဝင် ဦးရဲနိုင်၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။
Dec 27, 2021
မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (ရန်ကုန်တိုင်းဒေသကြီး) က ကြီးမှူးကျင်းပသော ပထမအကြိမ် သက်ကြီးသတင်း စာဆရာများအား ဂါရဝပြုကန်တော့ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ကြီး ငါးကြီးဘုရား၌ ကျင်းပသည်။
Dec 27, 2021
နေပြည်တော်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲ ( ၁၂ နာရီခွဲတွင် ပျဉ်းမနားမြို့နယ် ရွာသစ်ကျေးရွာအုပ်စု ကျွန်းကုန်းကျေးရွာအနီးတွင် ဇော်ဝင်း(ခ) ဇော်ဝင်းထွန်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၅၀ ကို လည်းကောင်း၊ ထို့အတူ ယင်းနေ့ညနေ ၆ နာရီတွင်မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟုမ္မလင်းမြို့နယ် ခေါင်ခမ်းကျေးရွာ ဟုမ္မလင်းလေဆိပ်အနီး တွင် အောင်ဆန်းဝင်း(ခ)အောင် ဆန်း၊ ဖိုးကြီး၊ စောမင်းတင်(ခ) အိုက်ပါး၊ သန်းဇော်တို့ကို ဆိုင်ကယ်နှစ်စီးနှင့်အတူ မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၃၆၃ ပြား၊ ဘိန်းဖြူ ၀ ဒသမ ၁၄၀၃ ကီလိုကို လည်းကောင်း။
Dec 27, 2021
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၂ နာရီခန့်တွင် မေယုကျွန်း၏ အရှေ့မြောက် ဘက် ရေမိုင် ၈ မိုင်ခန့်အကွာ၌ မသင်္ကာဖွယ်လှေ ၁ စီးအား တွေ့ရှိသဖြင့် မီးအချက်ပြ ခေါ်ယူရာ လာရောက်ခြင်းမရှိဘဲ အရှေ့တောင်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်မောင်းနှင်ထွက်ပြေးသွားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် ခြောက်လှန့်ပစ်ခတ်လိုက်လံဖမ်းဆီးခဲ့ရာ မေယုကျွန်း၏ အရှေ့မြောက်ဘက် ရေမိုင် ၉ ဒသမ ၅ မိုင်ခန့်အကွာ၌ ဖမ်းဆီးရမိခဲ့သည်။