Skip to main content

Dec 26, 2021

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်တောင် ဆက်အင်းကျေးရွာအနီးရှိ ဝါးကတုတ် ရေလှောင်တမံတွင် ရေပေါ်လှောင်အိမ်စနစ်ဖြင့် မွေးမြူထားသော ငါးခုံးမကြီး၊ တီလားပီးယားနှင့် ရေချိုငါးမွေးမြူရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေး ကြပြီး ရေပေါ်လှောင်အိမ် ငါးမွေးကန်အတွင်း ငါးသားပေါက်များ ထည့်သွင်းပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2021

မြန်မာနိုင်ငံတွင် အကြီးဆုံးရေချိုကန်ကြီးဖြစ်သည့် အာဆီယံအမွေအနှစ်ဥယျာဉ်နှင့် ရမ်ဆာရေဝပ် ဒေသအဖြစ် သတ်မှတ်ထားသော ကချင်ပြည်နယ် မိုးညှင်း ဒေသရှိ အင်းတော်ကြီးကန်တွင် အဏ္ဏဝါသိပ္ပံလောက၌ မှတ်တမ်းတင်ထားခြင်းမရှိသေးသည့် ငါးမျိုးစိတ် လေးမျိုးနှင့် ကမ္ဘာ့ရှားပါး ငါးမျိုးစိတ် နှစ်မျိုးတို့ ရှင်သန်ကျက်စားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2021

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၄ ရက် ညနေ ၅ နာရီတွင် ကော့သောင်းမြို့နယ်မလိဝမ်း ကျေးရွာအုပ်စု မလိဝမ်းကျေးရွာ နေ မနန္ဒာလင်းအေး(ခ)မိတုတ်၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁ဝ၇၅ ပြား သိမ်းဆည်းရမိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2021

သင်္ဃန်းကျွန်းမြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2021

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ဒီဇင်ဘာ ၂၄ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၇၇ ဦး၊ အမျိုးသမီး ၁၀၉ ဦး၊ စုစုပေါင်း ၁၈၆ ဦး၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၆ ဦး၊ စုစုပေါင်း ၂၁ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၈ ဦးတို့ကိုလည်းကောင်း၊ ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၂၅ ဦး၊ အမျိုးသမီး ၈၁ ဦး၊ စုစုပေါင်း ၂၀၆ ဦးတို့ကိုလည်းကောင်း အသီးသီး လက်ခံခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2021

တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2021

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ်အတွင်း ငါးသယံ ဇာတများ ရေရှည်တည်တံ့ စေရေး၊ ငါးရိက္ခာဖူလုံစေရေး၊ ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး တို့အတွက် ရွှေကူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဧရာဝတီမြစ်အတွင်း ငါးမျိုး စိုက်ထည့်ခြင်းကို ဒီဇင်ဘာ ၂၁ ရက်က အမှတ်(၃)ရပ်ကွက် မြို့ကုန်းရေဆိပ် ပြည်တော်သာ တံတား၌ ဆောင်ရွက်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2021

တိုင်းဒေသကြီး ငါးခုမှရေထွက်ကုန်များ အဓိကဝင်ရောက်ရာ ရန်ကုန်မြို့ ရွှေပိတောက် ငါးဈေးကြီးတွင် နေ့စဉ်ကုန်ပိဿာချိန် ငါးသိန်းခန့်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များနှင့် နိုင်ငံတစ်ဝန်းရှိ စားသုံးသူပြည်သူများသို့ နေ့စဉ်ရေထွက်ကုန်များ ရောင်းဝယ် ဖောက်ကားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2021

မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင် စေရန် ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်သည့် စမ်းအိုင်ကျေးရွာအုပ်စု စမ်းအိုင်ကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းနှင့် ရေကျော် တည်ဆောက် နေမှုအခြေအနေ များကို တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 26, 2021

ရန်ကုန်မြို့ ပြည်လမ်း အင်းလျား ကန်ပေါင် ပန်းခြံမြက်ခင်းပြင်တွင် အများပြည်သူရုံးပိတ်ရက်ကာလ မိသားစုများ အနားယူအပန်းဖြေသူများ စည်ကားနေသည်ကို ခရစ္စမတ်ရုံးပိတ်ရက် ဒီဇင်ဘာ ၂၅ ရက် ညနေခင်း၌ မြင်တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်