Skip to main content

Dec 27, 2021

တပ်မတော်(ရေ)လက်အောက်ခံ ဌာနချုပ်၊ တပ်၊ စခန်းနှင့် စစ်ရေယာဉ်စုများရှိ ခရစ်ယာန်ဘာသာဝင် စစ်သည်မိသားစုများ၏ နေအိမ်များသို့ ခရစ်စမတ်ကာလအတွင်း တပ်မတော်(ရေ)မှ အရာရှိကြီးများ က သွားရောက်၍ ခရစ်စမတ်နေ့အထိမ်းအမှတ် ကိတ်မုန့်နှင့်လက်ဆောင်များ ပေးအပ်ခြင်း၊ ဝတ်ပြုဆုတောင်းခြင်း၊ မိသားစုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အခက်အခဲများမေးမြန်းပြီး အားပေးစကားများပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2021

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ ဒီဇင်ဘာ ၂၆ ရက်က ပဲခူးမြို့ကို တိုင်းဒေသကြီးမြို့တော် အင်္ဂါရပ်နှင့်အညီ လမ်းပိုင်းအလိုက် အဆင့်မြှင့်တင်နေမှုကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2021

တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်း များနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်း ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2021

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2021

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2021

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဒုတိယဦးစီးမှူး၊ အငယ်တန်းအင်ဂျင်နီယာ (၂)၊ ပုံဆွဲ (၂) နှင့် စာရင်းကိုင် (၂) ရာထူးအလွှာ ၈၃ နေရာ ရွေးချယ်ခန့်ထားနိုင်ရေးအတွက် သတင်းစာတွင် ကြော်ငြာထည့်သွင်း လျှောက်လွှာခေါ်ယူခဲ့သော ရေးဖြေစာမေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေရှိ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပရာ ဒုတိယဝန်ကြီး ဦးမင်းထိန်နှင့် တာဝန်ရှိသူများသည် ရေးဖြေစာမေးပွဲဖြေဆိုနေမှုကို လှည့်လည် ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2021

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုနှင့် တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးဆိုင်ရာဌာန၊ အဖွဲ့အစည်းများတွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2021

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့၌ ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြား နေမှုအား မလိုလားသူ ဆူပူအကြမ်းဖက်သူများက အခြေခံပညာမူလတန်းလွန် ကျောင်း နှစ် ကျောင်းအား လက်လုပ်မိုင်းများ အသုံးပြု၍ ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 27, 2021

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲတင့်သည် ဒီဇင်ဘာ ၂၅ ရက်နံနက်ပိုင်းတွင် မိုင်းဆတ် မြို့သို့ ရောက်ရှိပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တွဲဖက်ပြည်နယ်ဦးစီးမှူး၊ ခရိုင်ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မိုင်းတုံမြို့နယ် မိုင်းခုတ်မြို့၊ ပုံပါကျင်မြို့နှင့် မုံထမြို့တို့မှ ဦးစီးမှူးများအား တွေ့ဆုံသည်။ မွန်းလွဲ ပိုင်းတွင် မိုင်းဆတ်မြို့ ထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်