Skip to main content

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘောပြိုင်ပွဲများနှင့် ဖူဆယ်ပြိုင်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၆

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာန ပေါင်းစုံအားကစားပြိုင်ပွဲများအဖြစ် အားကစားနည်း ခြောက်နည်းကို ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ရက်အထိနေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (Sports Complex) ရှိ သက်ဆိုင်ရာ အားကစားကွင်း / အားကစားရုံ များတွင် ကိုဗစ် -၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ကျင်းပလျက်ရှိရာ ယနေ့နံနက် နာရီတွင် ကျင်းပလျက်ရှိသော (အမျိုးသား အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲနှင့် ဖူဆယ် (အမျိုးသား) ပြိုင်ပွဲများသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဝင် ဦးရဲနိုင်၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်  အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။

ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ကျင်းပလျက်ရှိသော (အမျိုးသား/  အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ပွဲစဉ်များကိုလည်းကောင်း၊ ဖူဆယ်အားကစားရုံ၌ ကျင်းပလျက် ရှိသောပွဲစဉ်များကို လည်းကောင်း၊ ဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပသော ပွဲစဉ်များကို လည်း ကောင်း ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ဒီဇင်ဘာ ၂၇ ရက်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ဘော်လီဘော (အမျိုးသား အမျိုးသမီး) ပြိုင်ပွဲများကို လည်းကောင်း၊ ဖူဆယ်အားကစားရုံတွင် ဖူဆယ် (အမျိုးသား) ပြိုင်ပွဲများနှင့် ဝဏ္ဏသိဒ္ဓိအားကစားရုံ (C)တွင် ပိုက်ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲများကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်