Skip to main content

စစ်တွေမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း တရားမဝင်သစ်မှောင်ခိုလှေ တစ်စင်း ဖမ်းဆီးရမိ

နေပြည်တော်  ဒီဇင်ဘာ  ၂၆

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် နာရီခန့်တွင် မေယုကျွန်း၏ အရှေ့မြောက် ဘက် ရေမိုင် မိုင်ခန့်အကွာ၌ မသင်္ကာဖွယ်လှေ စီးအား တွေ့ရှိသဖြင့် မီးအချက်ပြ ခေါ်ယူရာ လာရောက်ခြင်းမရှိဘဲ အရှေ့တောင်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်မောင်းနှင်ထွက်ပြေးသွားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် ခြောက်လှန့်ပစ်ခတ်လိုက်လံဖမ်းဆီးခဲ့ရာ မေယုကျွန်း၏ အရှေ့မြောက်ဘက် ရေမိုင် ဒသမ မိုင်ခန့်အကွာ၌ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါလှေအား စိစစ်ခဲ့ရာ  တရားဝင်စာရွက် စာတမ်းတစ်စုံတစ်ရာ မပါရှိဘဲ သစ်ခွဲသားဆိုဒ်စုံ ၁၅ တန်နှင့်အတူ ပေါက်တောမြို့နယ်နေ ဘင်္ဂါလီလူမျိုး ဦး ( ဦးသေဆုံး၊ ဦးလက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာရ) တို့အား ဖမ်းဆီးရမိခဲ့သည်။

အထက်ပါ ဖမ်းဆီးရမိတရားခံများအနက် ဒဏ်ရာရရှိသူများအား လိုအပ်သော ဆေးဝါးကုသပေးမှုဆောင်ရွက်ပေးပြီး သက်ဆိုင်ရာသို့ အပ်နှံ၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်