Dec 28, 2021
အားကစားနှင့် ကာယပညာဦးစီးဌာန ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းသင်တန်း အမှတ်စဉ် (၂/၂၀၂၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ (Multipurpose Hall) ၌ ကျင်းပရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေမှူးချုပ်များ၊ သင်တန်းသား များ သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Dec 28, 2021
တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၏ (၂၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ဝင်းဗိုလ်နှင့် ပညာရေး အဖွဲ့ဝင်များ တက်ရောက်ကြသည်။
Dec 28, 2021
တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၏ သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ် (၁၉) နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက် ပညာသိပ္ပံဘွဲ့ သင်တန်း အမှတ်စဉ် (၆) တို့မှ သင်တန်းဆင်း သင်တန်းသား၊ သင်တန်းသူများအား ဆေးဝန်ထမ်း တာဝန်ခန့်အပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက တပ်မတော်သူနာပြုနှင့် ဆေးဘက် ပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ကာကွယ်ဦးစီးချုပ်ရုံး (ကြည်း) မှ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ဝင်းဗိုလ်နှင့် ကျောင်းဆင်းသင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
Dec 28, 2021
အိန္ဒိယနိုင်ငံမှ ဝယ်ယူထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covishield အမှတ်တံဆိပ် ကာကွယ်ဆေး doses ၁၃ ဒသမ ၄ သန်းအနက် ပထမ အသုတ်အဖြစ် ကာကွယ်ဆေး doses ၆ ဒသမ ၇ သန်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒီဇင်ဘာ ၂၇ ရက် နံနက် ၁၁ နာရီ ၂၅ မိနစ်ကရောက်ရှိလာခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဦးဆောင်သည့်အဖွဲ့က လက်ခံရယူသည်။
Dec 28, 2021
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ်သိန်း ၁၇၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ် ဓာတုပစ္စည်း (Toluene) များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
Dec 28, 2021
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ပျဉ်းမနား၊ ပုဗ္ဗသီရိနှင့် ဇေယျာသီရိ မြို့နယ်သမဝါယမအသင်းစုများက သမဝါယမအသင်းသား တောင်သူများ စိုက်ပျိုးခဲ့သော ဆင်းသုခနှင့် မဂျမ်းတောစပါးတင်းပေါင်း ၁၆၀၀ ဝယ်ယူခဲ့ပြီး ယခုအခါ ဒက္ခိဏသီရိမြို့နယ် သမဝါယမအသင်းစုက ဧရာမင်းစပါးတင်းပေါင်း ၂၀၀ ကို ဝယ်ယူခဲ့သည်။
Dec 28, 2021
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၅ ရက် နံနက် ၈ နာရီ မိနစ် ၂၀ တွင် မြိတ်မြို့နယ် ရှမ်းထိန်းကျေးရွာရှိ အောင်နိုင်ဝင်း၏ ဖူဆယ်ဘောလုံးကွင်းသို့ ဝင်ရောက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ ကို သိမ်းဆည်းရမိသည်။
Dec 28, 2021
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် မန်စီကျေးရွာအတွင်း KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ရောက်ရှိနေကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၂၂ ရက် နေ့လယ်ပိုင်းတွင် သွားရောက်၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်စဉ် အကြမ်းဖက်သမားများမှာ ရွာ၏အနောက် တောင်ဘက်သို့ ဆုတ်ခွာသွားခဲ့ပြီး အကြမ်းဖက်သမားများက ပြည်သူများထံမှ အတင်းအဓမ္မကောက်ခံထားသည့် ဆန် ၂၂ အိတ်အား သိမ်းဆည်းရမိခဲ့သည်။
Dec 28, 2021
ဒီဇင်ဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ကော့ကရိတ်-မြဝတီသွား အာရှလမ်းမကြီးပေါ်ရှိ ကော့နွဲ့ ကျေးရွာအနီး ကော့နွဲ့တံတားအောက်၌ လက်လုပ်မိုင်းနှစ်လုံးကို အချိန်မီဖော်ထုတ် သိမ်းဆည်းနိုင်ခဲ့သည်။
Dec 28, 2021
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါ အခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီ တိုက်ပွဲရှောင်စခန်းများ အတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက် ပေးလျက်ရှိသည်။