Skip to main content

Dec 30, 2021

တက္ကသိုလ်များ ဖွင့်လှစ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲ တွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2021

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့ နံနက် ၁၀ နာရီတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2021

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2021

ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ရာတွင် ပိုမိုထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်စေရန်၊ ကွန်ပျူတာကို စနစ်တကျနားလည်တတ်ကျွမ်းစွာကိုင်တွယ် အသုံးပြုနိုင် စေရန်နှင့် ကွန်ပျူတာနှင့် ပတ်သက်သည့် ဗဟုသုတများပိုမိုသိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ "အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ်(၁/၂၀၂၁)သင်တန်းဆင်း ပွဲအခမ်းအနား"ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်း (Gold Camp)ရှိ (Multipurpose Hall)၌ ကျင်းပရာ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က သင်တန်းဆင်းအမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2021

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် မြဝတီကုန်သွယ်ရေးဇုန်မှ ကုမ္ပဏီ (၁)ခု၊ ယာဉ်စီးရေ(၁)စီး ဖြင့်အောက်ဆီဂျင် (အရည်) Bowser ယာဉ် (၁)စီး တန် (၂၀) တို့ကို တင်သွင်းခဲ့ကြောင်း သိရသည်။ အောက်ဆီဂျင် (အရည်) Bowser (၁) ယာဉ်စီးမှာ မြဝတီ ကုန်သွယ်ရေးဇုန်မှ ရန်ကုန်မြို့သို့ ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2021

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ (၁၂)ရက်တွင် ကျရောက်မည့်(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ တွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် -၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2021

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်ဦးကျော်စိုး၊ ဒေါက်တာသန်းမြင့်၊ ဦးတင်အောင်နှင့် ဦးကျော်မြင့်တို့ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ဒီဇင်ဘာ ၂၉ ရက်တွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ ကျိုက်ဝိုင်း လူငယ်သင်တန်းကျောင်းနှင့် အမျိုးသမီး ကလေးများသင်တန်းကျောင်း (မလိခ) တို့ကိုလည်းကောင်း၊ ယနေ့တွင် ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ အမျိုးသမီးကလေးများ သင်တန်းကျောင်း (ထောက်ကြန့်) ကိုလည်းကောင်း သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2021

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ National Rural Revitalization Administration (NRRA)အောက်ရှိ International Poverty Reduction Centre in China(IPRCC )တို့ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် “ China- aided Pilot Project of Poverty Reduction Cooperation in Myanmar” ကျေးရွာအဆင့်ဆင်းရဲမှု လျော့ချရေး စံပြစီမံကိန်း လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2021

CDF အမည်ခံ အကြမ်းဖက်သမားများက ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဆွောင်းပီးကျေးရွာနေ တပ်မတော်သားမိသားစုဝင်များအား ဒီဇင်ဘာ ၂၈ ရက် ညနေပိုင်းတွင် အကြောင်းမဲ့ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2021

ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ဦးစားပေး အစီအစဉ်အလိုက် ကျေးလက်ဒေသများအထိ အားသွန်ခွန်စိုက် ကျယ်ပြန့်စွာ ထိုးနှံပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်