Skip to main content

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ်(၁/၂၀၂၁)သင်တန်းဆင်းပွဲအခမ်းအနားနှင့် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားကစားပြိုင်ပွဲ လွန်ဆွဲ(အမျိုးသား)ပြိုင်ပွဲ ယှဉ်ပြိုင် ကြည့်ရှုအားပေး

နေပြည်တော် ဒီဇင်ဘာ ၃၀

ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ရာတွင် ပိုမိုထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်စေရန်၊ ကွန်ပျူတာကို စနစ်တကျနားလည်တတ်ကျွမ်းစွာကိုင်တွယ် အသုံးပြုနိုင် စေရန်နှင့် ကွန်ပျူတာနှင့် ပတ်သက်သည့် ဗဟုသုတများပိုမိုသိရှိနားလည်နိုင်စေရန် ရည်ရွယ်၍  "အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ်(၁/၂၀၂၁)သင်တန်းဆင်း ပွဲအခမ်းအနား"ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်း (Gold Camp)ရှိ (Multipurpose Hall)၌ ကျင်းပရာ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က သင်တန်းဆင်းအမှာစကား ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးက သင်တန်းသားများကိုယ်စား သင်တန်းသား/သင်တန်းသူ(၂)ဦးကို သင်တန်း ဆင်းလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းတွင်သင်ခန်းစာများအား သင်ကြားပို့ချပေးခဲ့သည့် သင်တန်း နည်းပြဆရာ/ဆရာမ(၃)ဦးတို့အား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၂ခုနှစ်၊(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ဝဏ္ဏသိဒိ္ဓအားကစားကွင်း၌ ဆက်လက်ကျင်းပလျက်ရှိသော လွန်ဆွဲ (အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအသင်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနအသင်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနအသင်းနှင့် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအသင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစား နေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)