Skip to main content

Dec 29, 2021

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရမှ ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 29, 2021

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့် အတူယနေ့နံနက်ပိုင်းတွင် အလုပ်သမားဆေးရုံကြီး (မန္တလေး) အစည်းအဝေးခန်းမ၌ ခေတ္တဆေးရုံအုပ်ကြီး၊ ဆရာဝန်၊ သူနာပြုများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Dec 29, 2021

မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ်(၄/၂၀၂၁)ကို ယနေ့ မွန်းလွဲ ၁ နာရီက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး နှစ်ထပ်ဆောင်အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 29, 2021

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်းကြေညာ

ဆက်လက်ဖတ်ရှုရန်

Dec 29, 2021

တက္ကသိုလ်နေ့သင်တန်းများ ၆-၁-၂၀၂၂ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်

ဆက်လက်ဖတ်ရှုရန်

Dec 29, 2021

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှု တားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများ အား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “ပြည်သူ အပေါ် မဟုတ်မမှန် ဝါဒဖြန့် သွေးထိုးလှုံ့ဆော်နေသော ပြည်ဖျက်မီဒီယာများ” ခေါင်းစဉ်ဖြင့် ဒီဇင်ဘာလ ၂၉ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့် တင်ဆက်ပေးသွားမည်ဖြစ်သည်။ လာမည့်အပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင် “ဒီဇင်ဘာ ၁၄ ရက်၌ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကွတ်ခိုင်ပြည်သူ့ဆေးရုံမှ ဒေါက်တာ ဒေါ်ဝင့်ဝင့်မြိုင် အား လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့မှ သေနတ်ဖြင့် အကြောင်းမဲ့ ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်မှု” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့် ပါဝင် ဆွေးနွေးလိုသူ ပရိသတ်များအနေဖြင့် အပတ်စဉ် အင်္ဂါနေ့ မနက် ၁၀ နာရီအချိန်မှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ် ရမည့်ဖုန်းနံပါတ် တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ်ပါကြောင်း၊ ပါဝင်လာသည့် ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက်များကို လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း အသိပေး ကြေညာထားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 29, 2021

ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူ ဖြစ်စေရန်အတွက် ယနေ့ညနေပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ နယ်မြေခံတပ်ရင်းရှိ မွေးမြူရေးလုပ်ငန်း များအား သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 29, 2021

ခရီးသွားလုပ်ငန်းသည် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့် လုပ်ငန်း ကဏ္ဍတစ်ခုဖြစ်သကဲ့သို့ တိုင်း ဒေသကြီးအတွင်းရှိ ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးအတွက် အရေးပါသည့် လုပ်ငန်းကဏ္ဍ တစ်ခုဖြစ်ကြောင်း ပဲခူးတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 29, 2021

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖော်ထုတ် သိမ်းဆည်းရမိခဲ့သော လက်နက်၊ ခဲယမ်းများနှင့် မြဝတီ-ရန်ကုန်ဆက်သွယ်ရေး လမ်းကြောင်း တစ်လျှောက်‌ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည့် လက်နက်၊ ခဲယမ်းများများ အများစုမှာ ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်ရှိ လူသားချင်းစာနာထောက်ထားမှု ခေါင်းစဉ်ဖြင့် ပုန်းကွယ်နေထိုင်ကြသည် အကြမ်းဖက်သမားများအနေဖြင့် ၎င်းမြို့သစ်မှ တဆင့် မြို့ကြီးများသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက် နည်းမျိုးစုံဖြင့် သယ်ဆောင်ခြင်း၊ ပို့ဆောင်ခြင်းများပြုခဲ့ကြကြောင်း ဖမ်းဆီးရမိသူများ၏ ဖော်ထုတ် စစ်ဆေးချက်များအရ အဆိုပါဒေသအတွင်း ခိုအောင်းလျက်ရှိသော NUG နှင့် PDF အကြမ်းဖက်အဖွဲ့များကို လက်ခံခြင်း မပြုရန် သက်ဆိုင်ရာ

ဆက်လက်ဖတ်ရှုရန်

Dec 29, 2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ မွန်းလွဲ ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်း မြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်မိရပ်ဖများအား မြို့တော်ခန်းမ၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်