Skip to main content

Dec 31, 2021

အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုများနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာ ရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ ဆော်မှုများဖြင့် အများပြည်သူသွား လာနေသော လမ်းမကြီးများ၊ လမ်းများနှင့် ဌာနဆိုင်ရာရုံးများအား လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများထောင်ကာ ဖောက်ခွဲခြင်း၊ ပစ်ပေါက်ခြင်းများ ပြုလုပ်ဆောင်ရွက် လျက်ရှိသည့်အပြင် အနာဂတ် လူငယ်၊ လူရွယ်များ ပညာရည် မြင့်မားရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသော စာသင်ကျောင်းများကိုလည်း မိုင်းထောင်ဖောက် ခွဲခြင်းများ၊ လက်ပစ်ဗုံးများဖြင့် ပစ်ပေါက်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 31, 2021

တပ်မတော်အနေဖြင့် ၂၀၁၅ ခုနှစ်အောက်တိုဘာ ၁၅ ရက်တွင် NCA လက်မှတ် ရေးထိုးပြီးချိန်မှစတင်၍ NCA သဘောတူညီချက်ပါအချက်များကို လေးစားလိုက်နာ၍ ထာဝရ ငြိမ်းချမ်းရေးရရှိရန် အတွက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အနေဖြင့်လည်း ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် အစည်းအဝေးများ၊ ဆွေးနွေး ပွဲများနှင့် အခမ်းအနားများ၌ “နိုင်ငံတော်နှင့်ပြည်သူတို့လိုအပ်လျက်ရှိသည့် ထာဝရ ငြိမ်းချမ်းရေး ရရှိအောင်ဆောင်ရွက်ရာတွင် တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ပါအတိုင်း တိကျစွာလိုက်နာသွားမည်” ဖြစ်ကြောင်း သဘောထားထုတ်ပြန်ပြီးဖြစ်သည်။ ထို့ပြင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်တို့တွင်လည်း ငြိမ်းချမ်းရေးကို ဦးစားပေး လုပ်ငန်းအဖြစ်ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက် လျက်ရှိသော်လည်း အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေကို အခွင့်ကောင်းယူကာ NCA သဘောတူညီချက်များအား လက်တစ်လုံးခြားပြုလုပ်ကာ နည်းမျိုးစုံဖြင့် ချိုးဖောက် လျက်ရှိကြောင်းတွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 31, 2021

၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံသည် နယ်ချဲ့ ဗြိတိသျှလက်အောက်သို့ တစ်နိုင်ငံလုံးကျ ရောက်သွားခဲ့ရပြီး အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်ကို လက်လွတ်ဆုံးရှုံးခဲ့ရသည်။ သူ့ကျွန်ဘဝသို့ ကျရောက်သွားရသော အပြောင်းအလဲသည် လွန်စွာလျင်မြန် လှသည့်အတွက် မြန်မာပြည်သူတို့သည် ဝေခွဲမရ တွေဝေမှုများဖြင့် အခိုက်အတန့် ငြိမ်သက်နေ ခဲ့ကြသည်။ သို့သော် ၁၈၈၆ ခုနှစ်၏ နှစ်လယ်ပိုင်းသို့ ရောက်လာသည့်အခါ အဖြစ်မှန်ကို ရှင်းရှင်း လင်းလင်း သိမြင်သွားကြပြီဖြစ်သည့်အလျောက် ဆန့်ကျင် တိုက်ခိုက်မှုများ စတင်ဖြစ်ပေါ် လာသည်။

ဆက်လက်ဖတ်ရှုရန်

Dec 31, 2021

၂၀၂၁ ခုနှစ်နှစ်ဟောင်းကုန်ဆုံး၍ ၂၀၂၂ခုနှစ်နှစ်သစ်ကို ကူးပြောင်းရောက်ရှိတော့မည် ဖြစ်သည်။ နှစ်သစ်တွင် တိုင်းသူပြည်သား ပြည်သူအများ ကြည်ဖြူစည်းလုံးရွှင်ပြုံး ကြပါစေ၊ သာယာချမ်းမြေ့ကြပါစေ၊ ဘေးဘယာ မခဘဲသာစွဌာနေ ပြည်ထောင်စုကြီး ညီနောင်ပြု၍ရိုင်းပင်းနိုင်ပါစေ။ ဂုဏ်ရည်မြင့်သည့် တိုင်းရင်းသားစုံညီ အမိမြေတွင် သတိတွေမပြတ်၊ တစ်တပ်တစ်အားနှင့်ယှဉ်တွဲကာလေ လွတ်လပ်ရေးကြီး အစဉ်ခိုင်မြဲဖို့ ကြိုးပမ်းကြစို့ဟု နှိုးဆော်တိုက်တွန်းအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2021

တပ်မတော်က နိုင်ငံရေးအရအရေးပေါ်အခြေအနေကြောင့် နိုင်ငံတော်တာဝန် အား ထိန်းသိမ်းဆောင်ရွက်ခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက် နောက်ပိုင်းတွင် NLD အစွန်းရောက်တို့၏ သွေးထိုးလုံ့ဆော်မှု၊ ၎င်းတို့ဖန်တီးခဲ့သည့် CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက မြို့ကြီးအချို့တွင် ဆူပူအကြမ်းဖက်မှုများ ပြုလုပ်ခဲ့ပြီး ဆေးရုံ၊ ကျောင်းများမှစ၍ ဘာသာရေးနှင့် သက်ဆိုင်သောနေရာ၊ အဆောက်အဦများ ဖောက်ခွဲဖျက်ဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ဆောင်ရွက်လာခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်သိပြည်သူများဖြင့်ပူးပေါင်း၍ ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2021

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်သည် ဒီဇင်ဘာ ၂၆ ရက် မှ ၂၈ ရက်အထိ အမှတ်(၁) ရေနံချက်စက်ရုံ (သန်လျင်)၊ ပင်မသိုလှောင်ဖြန့်ဖြူးရေးဌာန (ရန်ကုန်)၊ သာကေတ ကမ်းလွန်အခြေစိုက်စခန်းနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ အောက်မြန်မာပြည်ရုံးခွဲ (စိမ်းလဲ့မေ)တို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2021

တက္ကသိုလ်များ ဖွင့်လှစ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲ တွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2021

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့ နံနက် ၁၀ နာရီတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 30, 2021

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်