Jan 01, 2022
လွတ်လပ်သောနိုင်ငံတွင် မွေးဖွားရှင်သန်လာသော ကျွန်ုပ်တို့အဖို့ “လွတ်လပ်ရေး” ဟူသော ဝေါဟာရစကားလုံးသုံးလုံးကို သိရှိကြသော်လည်း ထိုစကားလုံးသုံးလုံး၏အနှစ်သာရ၊ အဓိပ္ပာယ်၊ တန်ဖိုးတို့ကို ကျယ်ကျယ်ပြန့်ပြန့် လေးလေးနက်နက် ထဲထဲဝင်ဝင်သိရှိကြသူ နည်းပေလိမ့်မည်။ လွတ်လပ်သောနိုင်ငံတွင် နေထိုင်ကြသော နိုင်ငံသားများအဖို့ လွတ်လပ်ရေး၏အဓိပ္ပာယ်ကို သိရှိကြရန်လိုအပ်ပေသည်။
Jan 01, 2022
ကမ္ဘာသုံးပြက္ခဒိန်အရ ယနေ့သည် ၂၀၂၂ ခုနှစ်သို့ ရောက်ရှိပြီ ဖြစ်သည်။ ၂၀၂၁ ခုနှစ်သည် ယမန်နေ့ အတိတ်တွင် ကျန်ရစ်ခဲ့ပြီ။ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသည်နှင့်အမျှ အတိတ်သည်လည်း ဝေး၍ ဝေး၍ ကျန်ရစ်ခဲ့မည်သာဖြစ်သည်။ ပြက္ခဒိန်ဟူသည် တစ်ဆက်တစ်စပ်တည်းသော အချိန်ကို နှစ်၊ လ၊ ရက်များအဖြစ် ပိုင်းခြား အမှတ်အသားပြုခြင်းဖြစ်ပြီး လူသားတို့၏လူရေးလူရာပြုဖွယ်ကိစ္စ အ၀၀တို့အတွက် အသုံးချခြင်းဖြစ်ရာ နှစ်ဟောင်းကုန်ခြင်း၊ နှစ်သစ် စတင်ခြင်းတို့သည် ပြက္ခဒိန်၏သဘောသာဖြစ်ပြီး အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဟူသော ကာလသုံးပါး ယန္တရားကမူ ထာဝရလည်ပတ် နေမည်ဖြစ်သည်။