Jan 09, 2022
မန္တလေးစက်မှုဇုန်မှ လုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ အခမ်း အနားကို ယနေ့နံနက် ၁၀ နာရီတွင် မန္တလေးမြို့၊ Pullman Mandalay Mingalar Hotel သဇင်ခန်းမ၌ ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Jan 09, 2022
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက် ပေးလျက်ရှိရာ ဇန်နဝါရီ ၇ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၉၉ ဦး၊ အမျိုး သမီး ၈၀ ဦး၊ စုစုပေါင်း ၁၇၉ ဦး၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၁၂ ဦး၊ စုစုပေါင်း ၂၇ ဦး၊ လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၇ ဦး၊ စုစုပေါင်း ၁၇ ဦးတို့ကို လည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၂၆ ဦးနှင့် အမျိုးသမီး ၉၂ ဦးတို့ကိုလည်းကောင်း အသီးသီး လက်ခံ ခဲ့ကြသည်။
Jan 09, 2022
တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင် များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
Jan 09, 2022
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် အမရပူရမြို့နယ်ရှိ နတ်ရေကန်ငါးလုပ်ငန်းစခန်းကို ကြည့်ရှုစစ်ဆေးသည်။
Jan 09, 2022
ဇန်နဝါရီ ၁၀ ရက်တွင်ကျရောက်မည့် (၇၄) နှစ်မြောက် ကချင်ပြည်နယ် နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်(အထက်မြန်မာပြည်)တို့ ပူးပေါင်း ကျင်းပသည့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲနှင့် မျိုးဆက်သစ်ပြိုင် ပွဲများကို ယနေ့တွင် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။
Jan 09, 2022
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာ အဆောက်အအုံဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံး၌ ပြုလုပ်ရာ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
Jan 09, 2022
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း
Jan 09, 2022
မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ငါးမွေးမြူရေးဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲကို မန္တလေးမြို့ရှိ ရေချိုငါးမွေးမြူရေး သုတေသနနှင့်တိုးချဲ့ ပညာပေးရေး ဗဟိုဌာနတွင် ဇန်နဝါရီ၅ ရက်က ကျင်းပသည်။
Jan 09, 2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန သည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံနှင့် ထားဝယ်မြို့ တို့တွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းများအား ဖွင့်လှစ်ထားရှိကာ စက်ချုပ်သင်တန်းများ(မိန်းမဝတ်၊ကလေးဝတ်၊ ကျားရှပ်၊ တိုက်ပုံ၊ ကုတ်အင်္ကျီ၊ လက်မှုသင်တန်း၊ မုန့်မျိုးစုံပြုလုပ်နည်း သင်တန်း၊ အစားအစာချက်ပြုတ်နည်းသင်တန်းနှင့် ပန်းအလှပြင် သင်တန်း စသည့်သင်တန်းများကို ဘဏ္ဍာရေးနှစ်တစ်နှစ်လျှင် သင်တန်းအပတ်စဉ်(၈)ခု၊ အပတ်စဉ်တစ်ခုလျှင် (၆)ပတ်ကြာ သင်ကြားပေးလျက်ရှိပါသည်။
Jan 09, 2022
CRPH နှင့် NUG အမည်ခံအကြမ်းဖက်အဖွဲ့များသည် အလုံးစုံ ပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အချို့သောဒေသ များတွင် အေးချမ်းစွာနေထိုင်ကြသော ပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များ၊ ဌာနဆိုင်ရာရုံးများ၊ နိုင်ငံတော်ပိုင်ပစ္စည်းများ၊ ပုဂ္ဂလိက ပိုင်ပစ္စည်းများ၊ စက်ရုံ၊ အလုပ်ရုံများနှင့် တာဝါတိုင်များအား မိုင်းခွဲဖျက်ဆီးခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်း စသည့် အဖျက်အမှောင့် လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။