Skip to main content

ကယားပြည်နယ်၊ ဟွေပုံလောင်း - ကောက်ကောက်ဒေသရှိ အကြမ်းဖက်အဖွဲ့များ သာလွန်အင်အားဖြင့် အလစ်အငိုက်ရယူ တိုက်ခိုက်ခဲ့သည့် ကျားပါးစပ်ကြီးစခန်းအား တပ်မတော်က အချိန်ပိုင်းအတွင်း ပြန်လည်တိုက်ခိုက်သိမ်းပိုက်

နေပြည်တော် ဇန်နဝါရီ ၇

ကယားပြည်နယ်၊ ဟွေပုံလောင်း-ကောက်ကောက် ဒေသအတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက် နေသည့် တပ်မတော်၏ ကျားပါးစပ်ကြီး စခန်းအား ယနေ့နံနက်အစောပိုင်းတွင် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက အလစ်အငိုက်ရယူ၍ သာလွန်အင်အားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် စစ်နည်းဗျူဟာမြောက် ခေတ္တဆုတ်ခွာပေးခဲ့ပြီး မွန်းလွဲပိုင်းတွင် တပ်မတော် က ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ကယားပြည်နယ်အတွင်း တပ်မတော်က နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကျားပါးစပ်ကြီးစခန်းအား ယနေ့နံနက်အစောပိုင်းတွင် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ရယူပြီး သာလွန်အင်အား အသုံးပြု၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်တိုက်ခိုက်လာခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက စစ်နည်းဗျူဟာအရ စခန်းမှ ခေတ္တဆုတ်ခွာခဲ့ပြီး ကြိုတင်စီမံ ထားသည့် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများရယူ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဟန်ချက်ညီညီ တန်ပြန်တိုက်စစ်ဆင်ချေမှုန်းခဲ့သည့်အပြင် လေကြောင်းပို့ဆောင် မှုဖြင့် တပ်ကူများ ဖြစ်စဉ်နေရာအနီးတစ်ဝိုက် အမြန်ဆုံးဖြည့်တင်းခြင်း ဆောင်ရွက်ခဲ့သဖြင့် မွန်းလွဲပိုင်းတွင် အဆိုပါစခန်းအား ပြန်လည်သိမ်းပိုက်ရရှိခဲ့ပြီး အကြမ်းဖက်အဖွဲ့များ အရှေ့မြောက်ဘက်သို့ သေဆုံး၊ ဒဏ်ရာရာရှိမှုများစွာဖြင့် ဖရိုဖရဲ ဆုတ်ခွာသွားခဲ့သည်။

ဖြစ်စဉ်တွင် မိမိတပ်မတော် အရာရှိ၊ စစ်သည်အချို ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက် အဖွဲ့များထံမှ အလောင်းနှင့် လက်နက်/ခဲယမ်းအချို့ အပါအဝင်  ဆက်စပ်ပစ္စည်းတို့အား သိမ်းဆည်းရရှိခဲ့သည်။

တပ်မတော်အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်အား ၂၀၂၂ ခုနှစ်၊ ဖော်ဖော်ဝါရီ ၂၈ ရက်နေ့အထိ ထုတ်ပြန် ကြေညာချက်အပေါ် တိကျစွာလိုက်နာဆောင်ရွက်သော်လည်း ယခုကဲ့သို့ မိမိတပ်မတော် လှုပ်ရှားစစ်ကြောင်းများ နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး စခန်းများအား လာရောက်တိုက်ခိုက်ပါမူ ထိရောက် ပြင်းထန်စွာ မိမိကိုယ်မိမိ ခုခံကာကွယ်ပိုင်ခွင့်အသုံးပြုလျက် တုံ့ပြန်ရန် အခွင့်အရေး ရှိကြောင်းနှင့် နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် လုံခြုံရေးအတွက် လိုအပ်သော လုံခြုံရေးလုပ်ငန်း များကို နေ့ညမပြတ် ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်အဖွဲ့များအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ရယူ၍ နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းဆွဲ တိုက်ခိုက်ခြင်းများအပြင် အများပြည်သူသွားလာလျက်ရှိသည့် နယ်စပ်လမ်းတစ်လျှောက် အဖျက်အမှောက် လုပ်ရပ်များ ကိုပါ လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ROE စည်းမျဉ်းစည်းကမ်းနှင့်အညီ နယ်မြေဒေသ လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်