Skip to main content

Jan 21, 2022

“ASEAN-A Community of Peace and Shared Future” ခေါင်းစဉ်ဖြင့် ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အကြိမ် (၄၀) မြောက် အာဆီယံခရီးသွားလုပ်ငန်း ဖိုရမ်-၂၀၂၂ နှင့် အာဆီယံခရီးသွားလုပ်ငန်း ဝန်ကြီးအစည်းအဝေး၊ ဆက်စပ်အစည်းအဝေးများနှင့် အခမ်းအနားများကို ကမ္ဘောဒီးယားနိုင်ငံ ပရီဆီဟာနုပြည်နယ်ရှိ ဆိုခါရီဆော့ ကမ်းခြေဟိုတယ်တွင် ဇန်နဝါရီ ၁၇ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့ရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့ ပါဝင် တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2022

တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကော်မတီ (၁/၂၀၂၂) အစည်းအဝေးကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2022

မွန်ပြည်နယ်မှ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ဆောင်ဆု ရရှိခဲ့သည့် အားကစားသမားများအား ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ က မော်လမြိုင်မြို့ဖက်တန်းရပ်၊ ပြည်နယ်ခန်းမတွင် ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်အားကစားသမားများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2022

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူ နိုင်ရေး ဆောင်ရွက် လျက်ရှိရာ ဇန်နဝါရီ ၁၅ ရက်တွင် ရခိုင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုနှင့် ပူးပေါင်းအဖွဲ့များမှ နယ်မြေ ရှင်းလင်းစစ်ဆေးခြင်း များ ဆောင်ရွက်ခဲ့ရာ သံတွဲ မြို့နယ်အတွင်း သစ်မျိုးစုံ ၃၈ ဒသမ ၅၉၄၂ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၀၃၀၀၀) နှင့် ဇန်နဝါရီ ၁၆ ရက်တွင် တောင် ကုတ်မြို့နယ်နှင့် မြို့နယ်များမှ တောင်သရက်သစ် ၃ ဒသမ ၃၁၁၄တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၁၇၉၈) စုစုပေါင်းသစ်မျိုးစုံ ၄၁ ဒသမ ၉၀၅၆ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၃၄၇၉၈) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဦးစီးဌာန၏လုပ် ထုံးလုပ်နည်းများနှင့်အညီအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2022

တပ်မတော်(ရေ)အရာရှိငယ် (စီမံခန့်ခွဲရေး)သင်တန်း အမှတ်စဉ်(၈၁)နှင့် တပ်မတော် (ရေ)အရာရှိငယ် (အင်ဂျင်နီယာ)သင်တန်း အမှတ်စဉ်(၅၅)သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ရှိရေတပ် လေ့ကျင့်ရေးဌာနချုပ်စစ်ရေး ပြကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်မိုးအောင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2022

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဖွင့်လှစ်ထားရှိသော ကလေးပြုစုရေးဌာနများမှ စောင့်ရှောက်ထားရှိသည့် ကလေးသူငယ်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးကြပ်ဖွင့်လှစ်ထားရှိသည့် ပရဟိတဂေဟာ များမှ စောင့်ရှောက်ထားရှိသည့် ကလေးသူငယ်များအတွက် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့ရှိ ILDONG FOODIS Co, Ltd မှဆိတ်နို့မှုန့် ဘူးများလှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် Virtual ပုံစံဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2022

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် ထိုင်းနိုင်ငံသတင်း မီဒီယာကောင်စီတို့ ယနေ့ နံနက်ပိုင်းတွင် video conferencing စနစ်ဖြင့် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ် ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2022

ပြည်ထောင်စုနယ်မြေ နေပြည်တော် စာရင်းအင်းဥပဒေ၊ နည်းဥပဒေများ အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2022

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည် အဓိကအခြေခံ ကျသည့်အရေး ပါသောကဏ္ဍဖြစ်သည်။ ပညာအရည်အသွေးမြင့်မားသည့်လူ့စွမ်းအား အရင်းအမြစ်များ ပေါများသောနိုင်ငံသည် ဘယ်မှာလျှင်မဖွံ့ဖြိုးဘဲ ရှိနိုင်ပါအံ့မည်နည်း။ ပညာအရည်အချင်း နိမ့်ကျပြီး လူ့စွမ်းအားအရင်းအမြစ် နည်းပါး သောနိုင်ငံသည် မဖွံ့ဖြိုးဘဲ ဆင်းရဲတွင်းသံသရာ လည်နေမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတိုင်း နိုင်ငံတိုင်းသည် ပညာအရည်အသွေးမြင့်မားသော လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကဦးစားပေးဆောင်ရွက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 21, 2022

ဒုတိယကမ္ဘာစစ်ကာလအတွင်း မြန်မာနိုင်ငံသည် စစ်မြေပြင်ဖြစ်ခဲ့ရာ စစ်အပြီးတွင် ပြာပုံမျှသာ ကျန်ရစ်ခဲ့ရသည်။ စစ်မဖြစ်မီက ကိုလိုနီနယ်ချဲ့တို့၏ စီးပွားရေး လုပ်ငန်းများမှာ မြေလှန်စနစ်ဖြင့် မီးရှို့ဖျက်ဆီး သွားခြင်းကြောင့် လည်းကောင်း၊ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် လည်းကောင်း လုံးဝပျက်စီးသွားခဲ့ရာ ဗိုလ်ချုပ် အောင်ဆန်းကစစ်ကြီး ပြီးသည့်နောက် ကမ္ဘာပေါ်မှာရှိသည့် နိုင်ငံများထဲမှ မိအေးနှစ်ခါနာ ဖြစ်သည့် မြန်မာနိုင်ငံလို နိုင်ငံမရှိသေးဟု ဆိုခဲ့သည်။

ဆက်လက်ဖတ်ရှုရန်