Skip to main content

တပ်မတော်(ရေ) အရာရှိငယ်(စီမံခန့်ခွဲရေး) သင်တန်းအမှတ်စဉ်(၈၁)နှင့် တပ်မတော်(ရေ) အရာရှိငယ် (အင်ဂျင်နီယာ) သင်တန်းအမှတ်စဉ်(၅၅) သင်တန်းဆင်းပွဲကျင်းပ

၂၀၂၂ ဇန်နဝါရီ ၂၀ ရက်

တပ်မတော်(ရေ)အရာရှိငယ် (စီမံခန့်ခွဲရေး)သင်တန်း အမှတ်စဉ်(၈၁)နှင့် တပ်မတော် (ရေ)အရာရှိငယ် (အင်ဂျင်နီယာ)သင်တန်း အမှတ်စဉ်(၅၅)သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ရှိရေတပ် လေ့ကျင့်ရေးဌာနချုပ်စစ်ရေး ပြကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင်မိုးအောင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။

အဆိုပါအခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ ဒုတိယဗိုလ်ချုပ်ကြီးဇော်မျိုးတင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ ရန်ကုန်တပ်နယ်နှင့် သန်လျင် တပ်နယ်တို့မှ တပ်မတော် အရာရှိကြီးများနှင့် ဖိတ်ကြား ထားသူများတက်ရောက်ကြသည်။

ဦးစွာကျောင်းဆင်းတပ်ခွဲနှင့်ဂုဏ်ပြုတပ်ခွဲများက စစ်ရေးပြကွင်းအတွင်း ချီတက် နေရာယူကြပြီး နိုင်ငံတော်အလံအားအလေးပြုကြသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးဇေယျကျော်ထင် မိုးအောင်က ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်း တပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများကိုစစ်ဆေးသည်။

ထို့နောက် ကျောင်းဆင်းတပ်ခွဲနှင့်ဂုဏ်ပြုတပ်ခွဲများက ကာကွယ်ရေးဦးစီး ချုပ်(ရေ)အား အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။

ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ်(ရေ)က တပ်မတော်(ရေ)အရာရှိငယ် (စီမံခန့်ခွဲရေး) သင်တန်းအမှတ်စဉ်(၈၁)မှ အကောင်းဆုံးကျောင်းသားဆုရ ရေ ၅၅၇၃ ဗိုလ် ထွန်းဝေယံနှင့် ရေကြောင်းပညာစာပေထူးချွန်ဆုရရေ ၅၅၆၈ ဗိုလ် ထင်အောင်လင်း တို့အားလည်းကောင်း၊ တပ်မတော်(ရေ)အရာရှိငယ် (အင်ဂျင်နီယာ)သင်တန်း အမှတ် စဉ်(၅၅)မှ အကောင်းဆုံး ကျောင်းသား ဆုရရေ ၅၆၀၉ ဗိုလ် တာရာဖြိုးနှင့် ရေကြောင်းအင်ဂျင်နီယာပညာစာပေ ထူးချွန်ဆုရ ဦးရေ ၅၆၀၅ ဗိုလ် သန့်ဇင်ဝင်း တို့အားလည်းကောင်း ထူးချွန်ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်စားကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မိုးအောင်က သင်တန်းဆင်းမိန့်ခွန်းပြောကြားရာတွင် “သင်တန်းဆင်း အရာရှိများအား သင်တန်းကာလအတွင်းမှာ နိုင်ငံတကာရေတပ်စံနှုန်း များနှင့်အညီ ရေကြောင်းဆိုင်ရာ ပညာရပ်များ၊ ရေတပ်စက်မှု လက်မှုပညာရပ်များကို စာတွေ့၊ လက်တွေ့သင်ကြားပေးခဲ့ပြီးဖြစ်၍ လုပ်ငန်းခွင်မှာတာဝန်တွေကိုကျေပွန်စွာ ထမ်းဆောင်နိုင်ဖို့နှင့် စစ်ရေယာဉ်များမှာတွဲဖက်ပြီး ဆက်လက်လေ့ကျင့်သင်ကြားပေး သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်လက်တွေ့လေ့ကျင့်မှုများ ပြီးဆုံးချိန်တွင် သတ်မှတ် အရည်အချင်းပြည့်မီသူများကို စစ်ရေယာဉ်များတွင် စတင်တာဝန် ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ထိုက်သင့်သောလုပ်သက်နှင့် လုပ်ငန်းအတွေ့အကြုံရရှိပြီး ချိန်တွင် အထူးပြု ဘာသာရပ်ဆိုင်ရာသင်တန်း(Specialize Course) များကို ထပ်မံတက်ရောက် လေ့ကျင့် သင်ကြားရမည်ဖြစ်ကြောင်း၊ တပ်မတော်(ရေ)သည်မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် အတူ ပေါက်ဖွားလာခြင်းဖြစ်ပြီး ခေတ်အဆက်ဆက်ပေါ်ပေါက်ခဲ့သော ပြည်တွင်းသောင်း ကျန်းမှုအန္တရာယ်နှင့် ပြည်ပ ခြိမ်းခြောက်မှုများကို တပ်မတော်(ကြည်း)၊ တပ်မတော် (လေ)တို့နှင့်အတူ ပူးပေါင်းတွန်းလှန်ဖယ်ရှားနိုင်ခဲ့သည့် အစဉ်အလာကောင်းများရှိ ကြောင်း၊ တပ်မတော်(ရေ)ကိုစတင် ဖွဲ့စည်းစဉ်က စစ်ရေယာဉ်အနည်းငယ်သာပိုင်ဆိုင်ခဲ့ သော်လည်း ယနေ့အချိန်တွင် ဖရီဂိတ်စစ်ရေယာဉ်များအထိ ကိုယ်ပိုင်ဒီဇိုင်းရေးဆွဲ တည်ဆောက် လာနိုင်ခဲ့ပြီး တိုက်ခိုက်ရေးရေငုပ်သင်္ဘောများအပါအဝင် ကုန်းရေနှစ်သွယ် ဘက်စုံသုံစစ်ရေယာဉ်ကြီးများ ကိုပါ ပိုင်ဆိုင်သည်အထိ တိုးတက်ဖွဲ့စည်း လာနိုင်ပြီဖြစ် ကြောင်း၊ ခေတ်မီစစ်ရေယာဉ်များကို တိုးတက်ဖွဲ့စည်းနိုင်ခဲ့သဖြင့် ပင်လယ်ပြင်စစ်ဆင် ရေးတာဝန်များအား အကန့်အသတ်ဖြင့်သာ ဆောင်ရွက် နိုင်ခဲ့သည့်ရေတပ်အဖြစ်မှ ယခုအချိန်တွင်သီးသန့်စီးပွားရေးဇုန်နှင့် ပင်လယ်ပြင် နယ်နိမိတ် တစ်လျှောက် စိုးမိုးထိန်းချုပ်နိုင်သည့်ရေတပ်အဖြစ်ကို တက်လှမ်း နိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ တပ်မတော်(ရေ) တည်ဆောက်မှုနှင့်ပတ်သက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က “နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရန်အတွက် အကောင်းဆုံးသောအာမခံချက်ဟာ စွမ်းရည်ထက်မြက်သည့် ကာကွယ်ရေးအင်အားစု တည်ဆောက်ပိုင်ဆိုင်ခြင်းပဲဖြစ်တယ်၊ ဒီလိုအဆင့်မြှင့်တင် တည်ဆောက်ရာမှာ တပ်မတော်(ရေ)ကို ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်ဟူ၍ ရည်ရွယ်တည် ဆောက်ခဲ့တယ်၊ ပထမအဆင့်အနေနဲ့ မြန်မာ့ ပင်လယ်ပြင်သီးသန့် စီးပွားရေးဇုန်အထိ အပြည့်အဝအကာအကွယ်ပေးနိုင်ဖို့အတွက် သုံးဖက်မြင် စစ်ဆင်နိုင်စွမ်းရှိတဲ့ (Three Dimensional Combat Ready Navy) အဖြစ်မျှော်မှန်းပြီးတည်ဆောက်ခဲ့ရာမှာ ရေငုပ် သင်္ဘောတပ်ဖွဲ့ ဖွဲ့စည်းနိုင်ဖို့၊ စစ်ရေယာဉ်များတည်ဆောက်ဖြည့်တင်းနိုင်ဖို့၊ လူသား အရင်းအမြစ်များပိုမိုတိုးတက် ကောင်းမွန်အောင်ဖြည့်တင်းဆောင်ရွက်နိုင်ဖို့ စတဲ့ရည်ရွယ် ချက်တွေနဲ့ လိုက်လျော ညီထွေဖြစ်အောင် အဆင့်ပေါင်းများစွာ၊ ကဏ္ဍပေါင်းများစွာ စဉ်းစားပြီးတော့ ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်းကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ (၂၄)ရက်နေ့က ပြုလုပ်ခဲ့သည့် တပ်မတော်(ရေ)စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားမှာ မိန့်ကြားခဲ့ကြောင်း၊ ခေတ်မီစစ်ရေယာဉ်များနှင့် ယခုကဲ့သို့ မျှော်မှန်းချက်ထား တည်ဆောက် လျက်ရှိသဖြင့် ပညာရပ်ပိုင်းဆိုင်ရာအလိုက် ကျွမ်းကျင်ပိုင်နိုင်အောင် လေ့လာလေ့ကျင့် သွားရန်နှင့် လက်အောက်မှ စစ်သည်များကိုလည်းလေ့ကျင့်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ တပ်မတော်(ရေ)၏ စွမ်းရည်မြင့်မားလာသည်နှင့်အမျှ နိုင်ငံတော်အား ပင်လယ်ပြင်မှကျူး ကျော်မှုမှန်သမျှကို ရှေ့တန်းကျကျခုခံကာကွယ်ရန်၊ နိုင်ငံတော်၏ရေကြောင်းအကျိုး စီးပွားများ ကိုကာကွယ်စောင့်ရှောက်ရန်နှင့် (ကြည်း/ရေ/လေ)ပူးပေါင်းစစ်ဆင်ရေးဆင်နွှဲ နိုင်စွမ်းရှိရန်ဆို သည့် တပ်မတော်(ရေ)၏ ရည်မှန်းချက် တာဝန်များကို ပိုမိုထိရောက်စွာ ထမ်းဆောင် နိုင်မည်ဖြစ်ကြောင်း၊ တပ်မတော်(ရေ)အနေဖြင့် မျှော်မှန်းချက်အမြင်နှင့် ရည်မှန်းချက် တာဝန်များအား ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရန် စစ်ရေးကဏ္ဍ၊ တရားဥပဒေ စိုးမိုးရေးကဏ္ဍ၊ သံတမန်ရေးရာကဏ္ဍနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကဏ္ဍ ဆိုသည့် ကဏ္ဍကြီး(၄)ရပ်မှာ စွမ်းရည်ပြည့်ဝစွာ တာဝန်ထမ်း ဆောင်နိုင်ရေး ဦးတည် ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်(ရေ)အနေနှင့် ရည်မှန်းချက်(၇)ရပ်ချမှတ် ဆောင်ရွက် လျက်ရှိသလို ရည်မှန်းချက်တာဝန်များအောင်မြင်ရန် အတွက် စိတ်ဓာတ်နှင့် စည်းကမ်းသည် အတူတွဲပြီးပြုမူကျင့်ကြံနေထိုင်ရသည်ဖြစ်သဖြင့် စိတ်ဓာတ်၊ စည်းကမ်း ကောင်းအောင် လေ့ကျင့်မွေးမြူကြဖို့လိုကြောင်း၊ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ရန် တွေးခေါ် မျှော်မြင်နိုင် ရန်အတွက် ဗဟုသုတပြည့်စုံကြွယ်ဝရန်လိုအပ်ပြီး “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အမြဲကြိုးပမ်းဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ ယနေ့ဖြစ်ပွား နေသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် တတ်စွမ်းသ၍ ဝိုင်းဝန်းကူညီပေး နိုင်ရေး ကြိုတင်မျှော်တွေး ပြင်ဆင်ထားကြရမည်ဖြစ်ကြောင်း၊ ပင်လယ်ပြင် လုံခြုံရေး တာဝန်ထမ်းဆောင်နိုင်ရန် နိုင်ငံတကာရေကြောင်း ဥပဒေများနှင့် ပြည်တွင်း ရေကြောင်း ဥပဒေများကိုပါ သိရှိလိုက်နာ ရမည့်အပြင် စစ်ပွဲဆိုင်ရာဥပဒေ (Law of Armed Conflict)နှင့် ထိတွေ့ တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement) များကိုလည်း/ သိရှိလိုက်နာ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ရေတပ်ပညာကျွမ်းကျင်ထက်မြက်ပြီး စွမ်းရည် ၃ ရပ်အမြဲပြည့်စုံအောင် ကြိုးပမ်းလေ့ကျင့် ဆောင်ရွက်သွား ကြရန်လိုအပ်ကြောင်း၊ ဒို့တာဝန် အရေးသုံးပါးကိုဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်လုံခြုံရေးနှင့် မြန်မာ့ပင်လယ်ပြင် သီးသန့် စီးပွားရေးဇုံအထိ အပြည့်အဝကာ ကွယ်နိုင်ရေးအတွက် သုံးဖက်မြင်စစ်ဆင်နိုင်စွမ်း ရှိသည့် တိုက်ပွဲဝင်အသင့်ရေတပ် (Three Dimensional Combat Ready Navy) အဖြစ်တည် ဆောက်ရာတွင် ရဲဘော်ရဲဘက် စိတ်အပြည့်နှင့် တက်ညီလက်ညီ ဆောင်ရွက် သွားကြရန် လိုကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)သည် ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြု တပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည် ထွက်ခွာသည်။ အခမ်းအနား အပြီးတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် အခမ်းအနားသို့တက်ရောက် လာသောအရာရှိကြီး များသည် ကျောင်းဆင်း အရာရှိများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သတင်း ရရှိသည်။

သတင်းစဉ်