Jan 22, 2022
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ နာတာရှည်ရောဂါအခံ ရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် (၁၂) နှစ်အထက် အခြေခံ ပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများ စသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
Jan 22, 2022
အားကစားကဏ္ဍမြှင့်တင် ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံအတွက် ကျန်းမာသန်စွမ်းပြီး စွမ်းရည်ထက်မြက်သော နိုင်ငံ့သားကောင်းများ ပေါ်ထွက်လာမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။
Jan 22, 2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 22, 2022
ရန်ကုန် ဇန်နဝါရီ ၂၁ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဗဟိုလေ့ကျင့်ရေးကျောင်း၌ ဖွင့်လှစ်ခဲ့သည့် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းများဖြစ်သော စီမံခန့်ခွဲရေး သင်တန်းအမှတ်စဉ်(၇၅)၊ အဆင့်မြင့် စက်ချုပ်နည်းပြသင်တန်း အမှတ်စဉ်(၃၉)၊ စာရေးဝန်ထမ်း သင်တန်းအမှတ်စဉ် (၁၀၉) သင်တန်းဆင်းပွဲများ အခမ်းအနား ကို ယနေ့နံနက် ၈ နာရီခွဲက သင်တန်း ကျောင်းခန်းမ၌ ကျင်းပသည်။
Jan 22, 2022
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
Jan 22, 2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့ မွန်းလွဲပိုင်းတွင် ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်း၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့ရှိ ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံ၍ သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်တတ်မြောက်အောင် သင်ယူလေ့လာကြရန်၊ မိမိတို့သင်ယူတတ်မြောက်ခဲ့သည့် ပညာရပ်ဖြင့် မိမိဒေသ၊ မိမိနိုင်ငံအတွက် အကောင်းဆုံး အကျိုးပြုသူအဖြစ် ရပ်တည်နိုင်ရေးကြိုးပမ်းကြရန်နှင့် ကိုယ်ပိုင်ယဉ်ကျေးမှုဓလေ့စရိုက်များကို ထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားသည်။
Jan 22, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၀ ရက်က မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်း၌ အကောက်ခွန် ဦးစီးဌာနမှ ဦးဆောင်သော တာဝန်ကျ ပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘားအံမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် ခရီးသည်တင် ယာဉ်တစ်စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် စားသောက်ကုန်ပစ္စည်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၇၆ ၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
Jan 22, 2022
ကယားပြည်နယ်၊ လွိုင်ကော်မြို့တောင်ဘက်ရှိ စံပြ(၆)မိုင်ကျေးရွာအတွင်း KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ ခိုအောင်းရောက်ရှိနေကြောင်း အကြမ်းဖက်အဖွဲ့အစည်းများကို မလိုလား၊ လက်မခံသည့် ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ ယနေ့မွန်းလွဲပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ ဖော်ထုတ်ချေမှုန်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်အဖွဲ့များသည် လူနေအဆောက်အဦများ၊ အစိုးရအဆောက်အဦများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို အကာအကွယ် ရယူ၍လည်းကောင်း၊ ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများအား အန္တရာယ်အတွင်းမှ ဘေးကင်းရာသို့ သွားလာခွင့်ပြုရမည့်အစား လူသားတံတိုင်းအဖြစ် အသုံးပြု၍ လည်းကောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ထိတွေ့တိုက်ပွဲဖြစ်စဉ် ဖြစ်ပွားခဲ့သည်။ ထို့သို့ ထိတွေ့တိုက်ပွဲဖြစ်စဉ် ဖြစ်ပွားနေစဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိစေရေး အတတ်နိုင်ဆုံး ထိန်းချုပ်ပစ်ခတ်၍ ချေမှုန်း တိုက်ခိုက်ခဲ့ရာ KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် စံပြ(၆)မိုင်ကျေးရွာ၏ အနောက်မြောက်ဘက်ရှိ ဒေသအခေါ် ဂေါ်ရခါးကျေးရွာသို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များက ထပ်ကြပ်လိုက်လံ တိုက်ခိုက်ခဲ့သည်။
Jan 22, 2022
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးသည်မှာ ၇၅ နှစ်ကာလသို့ ဝင်ရောက်လာပြီ လူတိုင်းလူတိုင်းသိကြမည် ဖြစ်သည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုနောက်ကျသည့် နိုင်ငံစာရင်းတွင်ရှိနေသည်။ ဒေသတွင်းနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရန်ပင် လိုအပ်ချက်များ ရှိနေသေးသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အလုပ်လုပ်ကြရမည် ဖြစ်သည်။ အလုပ်လုပ်နိုင်ရန်အတွက် လုပ်ချင်ကိုင်ချင်စိတ်နှင့် အလုပ်လုပ်နိုင်သော အခြေအနေ၊ အခွင့်အလမ်းများ ရှိရမည်ဖြစ်သည်။
Jan 22, 2022
ကယားပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုများနှင့် ပတ်သက်၍ စိစစ်အတည်ပြုနိုင်မှု မရှိသည့် သတင်းအရင်းအမြစ်များ၊ အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသည့် အဖွဲ့အစည်းများနှင့် မီဒီယာများ၊ အကြမ်းဖက်အဖွဲ့အစည်းများထံမှ ရရှိသည့် အချက်အလက်များကို အခြေခံကာ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ဖိအားပေးရန် ရည်ရွယ်ချက်ဖြင့် စိုးရိမ်ပူပန်ကြောင်း သတင်းထုတ်ပြန်ခဲ့ သည့် နိုင်ငံအချို့နှင့် နိုင်ငံတကာ အဖွဲ့အစည်းအချို့၏ လုပ်ရပ်အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ကြေညာ၍ တုံ့ပြန်လိုက်သည်။ ။