နေပြည်တော် ဇန်နဝါရီ ၂၀
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူ နိုင်ရေး ဆောင်ရွက် လျက်ရှိရာ ဇန်နဝါရီ ၁၅ ရက်တွင် ရခိုင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုနှင့် ပူးပေါင်းအဖွဲ့များမှ နယ်မြေ ရှင်းလင်းစစ်ဆေးခြင်း များ ဆောင်ရွက်ခဲ့ရာ သံတွဲ မြို့နယ်အတွင်း သစ်မျိုးစုံ ၃၈ ဒသမ ၅၉၄၂ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၀၃၀၀၀) နှင့် ဇန်နဝါရီ ၁၆ ရက်တွင် တောင် ကုတ်မြို့နယ်နှင့် မြို့နယ်များမှ တောင်သရက်သစ် ၃ ဒသမ ၃၁၁၄တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၁၇၉၈) စုစုပေါင်းသစ်မျိုးစုံ ၄၁ ဒသမ ၉၀၅၆ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၃၄၇၉၈) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဦးစီးဌာန၏လုပ် ထုံးလုပ်နည်းများနှင့်အညီအရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ ဇန်နဝါရီ ၁၉ ရက် တွင် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၏ တာဝန်ကျ အကောက်ခွန် စစ်ဆေးရေးအဖွဲ့မှ သတင်းအရ စောင့်ဆိုင်းစစ်ဆေး ခဲ့ရာ ကျိုက်ထိုမြို့ မုပ္ပလင်ကျေးရွာ အနီး ရှောင်ကွင်းလမ်း အတွင်းမှ ထွက်ခွာလာသော (King Long) Mini Bus ယာဉ်ပေါ်တွင် စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်နှင့် ဆေးဝါး ပစ္စည်းမျိုးစုံ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၂၀၀၀၀)၊ YAMAHA FZ-150 ဆိုင်ကယ်တစ်စီး(ခန့်မှန်း တန်ဖိုး ငွေကျပ် ၁၀၀၀၀၀၀၊ HYOSUNG GT-150 ဆိုင်ကယ် တစ်စီးခန့်မှန်းတန်ဖိုးငွေကျပ် (၁၀၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော ယာဉ် sagos 3R-2160 (King Long) Mini Bus တစ်စီး(ခန့်မှန်းတန်ဖိုး ငွေကျပ်၂၅၀၀၀၀၀၀)နှင့် အဆိုပါ ရှောင်ကွင်းလမ်းမှ ထွက်ခွာလာသော (Higer) Mini Bus ပေါ်တွင် စာရွက်စာတမ်းအထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိ သည့် စားသောက်ကုန်နှင့် လူသုံး ကုန်ပစ္စည်းမျိုးစုံ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၃၂၅၈၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသော ယာဉ်အမှတ် 4K-9296 (Higer) Mini Bus တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၆၀၀၀၀၀၀) စုစုပေါင်း ဖမ်းဆီးရမိမှုအောက်မှု (ခန့်မှန်း တန်ဖိုး ငွေကျပ် ၅၀၃၄၅၈၀၀) ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက် လျက်ရှိသည်။
ထို့အပြင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပြည်နယ် သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ သထုံခရိုင် ပေါင်မြို့နယ် သံလွင်မြစ်အတွင်း တရားမဝင် ပိတောက်ခွဲသား တန် ၅၀၊ လှေကြီးတစ်စင်းနှင့် ကဲ့လှေနှစ်စင်း စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀) ဖမ်းဆီး ရမိခဲ့ပြီး သစ်တောဦးစီးဌာန၏ လုပ်ထုံး လုပ်နည်းများအရ လည်းကောင်း အရေးယူ ဆောင်ရွက် လျက်ရှိသည်။
ထပ်မံ၍ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီး ဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့ များဖြင့် သတင်းအရ သွားရောက် တောင်ငူခရိုင် သစ်တောကြိုးဝိုင်း များအတွင်းရှိ တရားမဝင် ကျွန်း သစ် ၅ ဒသမ ၇၀၁၆ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၇၁၀၄၈၀)နှင့် အခြားသစ်မျိုးစုံ ၃ ဒသမ ၁၉၅၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၇၀၆) စုစုပေါင်း တရားမဝင် သစ်မျိုးစုံ ၈ ဒသမ ၈၉၇၄ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၉၃၄၁၈၆) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဦးစီးဌာန၏ လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ စစ်ကိုင်းတိုင်းဒေသ ကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဦးဆောင်၍ ပူးပေါင်းအဖွဲ့များဖြင့် သတင်းအရ စစ်ဆေးမှုများ ပြုလုပ် ခဲ့ရာ ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် တွင် ရွှေတူးဖော်ရာတွင် အသုံးပြု သည့် တရုတ်နိုင်ငံထုတ် အင်ဂျင် နှစ်လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀) ဖမ်းဆီးရမိခဲ့ပြီး မြန်မာ့သတ္ထုတွင်းဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
သို့ပါ၍ ဇန်နဝါရီ ၁၅ ရက်၊ ၁၆ ရက်၊ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၄ မှု၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၈၂၁၄၇၈၄) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်