Skip to main content

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ကိုရီးယားသမ္မတ နိုင်ငံမှ ဆိတ်နို့မှုန့်ဘူးများလှူဒါန်း

နေပြည်တော် ဇန်နဝါရီ ၂၀

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဖွင့်လှစ်ထားရှိသော ကလေးပြုစုရေးဌာနများမှ စောင့်ရှောက်ထားရှိသည့် ကလေးသူငယ်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးကြပ်ဖွင့်လှစ်ထားရှိသည့် ပရဟိတဂေဟာ များမှ စောင့်ရှောက်ထားရှိသည့် ကလေးသူငယ်များအတွက် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့ရှိ ILDONG FOODIS Co, Ltd မှဆိတ်နို့မှုန့် ဘူးများလှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် Virtual ပုံစံဖြင့် ကျင်းပသည်။

အခမ်းအနားသို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူး၊ အလှူရှငက် ILDONG FOODIS Co, Ltd နှင့် SUN SHINE YANGON Co, Ltd တို့မှတာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့အလှူရှင်များလှူဒါန်းသည့် ဆိတ်နို့ အာဟာရကို စားသုံးရသည့်အတွက် ကလေးသူငယ်များ၏ အာဟာရလိုအပ်ချက်ကို အထောက်အပံ့ကောင်းစွာ ဖြစ်စေကြောင်း၊ ယခုလှူဒါန်းသည့် ဆိတ်နို့မှုန့် ဘူးများကို လူမှုဝန်ထမ်းဦးစီးဌာန၊ ကလေးပြုစုရေး ဌာနများနှင့် တည်ထောင်ခွင့်ပြုမိန့်ရပရဟိတဂေဟာ များသို့ အမြန်ဆုံးဖြန့်ဝေပေးပို့သွားမည် ဖြစ်ကြောင်း၊ စောင့်ရှောက်ထားရှိသည့် ကလေး သူငယ်များသည် အနာဂတ်နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များပင်ဖြစ်သဖြင့် လှူဒါန်းပေးအပ်သော အလှူရှင် ILDONG FOODIS Co, Ltd နှင့် လှူဒါန်းနိုင်ရေး ကူညီပံ့ပိုးဆောင်ရွက်ပေးသည့် SUN SHINE YANGON Co, Ltd အပါအဝင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများအားလုံးတို့ကို ကလေးသူငယ် များနှင့် ဝန်ကြီးဌာနကိုယ်စား ကျေးဇူးအထူးတင်ရှိပါ ကြောင်း ပြောကြားသည်။

ဆက်လက်၍ အလှူရှင် ILDONG FOODS Co,ltd မှ Chief Executive Officer Mr. Tae Win Kim က ကျေးဇူးတင်စကားပြောကြားပြီး ဆိတ်နို့မှုန့် ဘူး ၈၈၈၀ ကို ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးမှူးထံသို့ ပေးအပ်လှူဒါန်းသည်။

ယင်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ရာ လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက အလှူရှင်များ ကိုယ်စား လက်ခံ ခဲ့ကြောင်း သိရသည်။

သတင်းစဉ်