Mar 02, 2022
၂၀၂၂ ခုနှစ် မတ် ၄ ရက်တွင် ကျရောက်သည့် World Engineering Day အထိမ်းအမှတ် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်တို့ ပူးပေါင်းကျင်းပသည့် World Engineering Day Myanmar Celebration Event အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ Online စနစ်ဖြင့် ကျင်းပသည်။
Mar 02, 2022
(၄၁)ကြိမ်မြောက် အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ (41st Meeting of the High-level Task Force on ASEAN Economic Integration -HLTF-EI ) အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ဝင် ဦးသန်းအောင်ကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Mar 02, 2022
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန၊ နီလာခန်းမမှ ထိုင်းနိုင်ငံ၊ Kasetsart University မှကြီးမှူး၍ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံ တို့ပါဝင်သော CLMVT Forum ၏ အကျိုးကျေးဇူးများနှင့် ဖိုရမ်များ ဆက်လက်ကျင်းပရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။
Mar 02, 2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနသည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံနှင့် ထားဝယ်မြို့ တို့တွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းများ ဖွင့်လှစ်ထားရှိကာ စက်ချုပ်သင်တန်းများ (မိန်းမဝတ်၊ ကလေးဝတ်၊ ကျားရှပ်၊ တိုက်ပုံ၊ ကုတ်အင်္ကျီ၊ လက်မှုသင်တန်း၊ မုန့်မျိုးစုံပြုလုပ်နည်း သင်တန်း၊ အစားအစာချက်ပြုတ်နည်းသင်တန်းနှင့် ပန်းအလှပြင်သင်တန်း စသည့် သင်တန်းများကို ဘဏ္ဍာနှစ်တစ်နှစ်လျှင် သင်တန်းအပတ်စဉ်(၈)ခု၊ အပတ်စဉ်တစ်ခုလျှင် ခြောက်ပတ်ကြာသင်ကြားပေး လျက်ရှိသည့်အပြင် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်ကျောင်းများ၌ စနေ၊ တနင်္ဂနွေနေ့တို့တွင် လည်း ( အထူးသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
Mar 02, 2022
၁။ ကျွန်တော့်အနေဖြင့် တတိယကန့်ကွက်ချက်အကြောင်းအရာနှင့် စပ်လျဉ်း၍ ပြန်လည်လျှောက်လဲ တင်ပြမည်ဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံ၏ တင်ပြချက်များကို ဂရုပြု နားထောင်ခဲ့ပါတယ်။ သို့ရာတွင် Article VIII အပေါ် ဂမ်ဘီယာရဲ့ အဓိပ္ပာယ် ကောက်ယူမှုဟာ ကျေနပ်လက်ခံနိုင်ဖွယ် မရှိကြောင်း ဝန်ခံရမည် ဖြစ်ပါတယ်။
Mar 02, 2022
ရန်ကုန်မြို့တော် မိုင် ၃၀ ဝန်းကျင် စိမ်းလန်း စိုပြည်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 02, 2022
မြန်မာနိုင်ငံတော် ဗဟိုဘဏ် အရာရှိအဆင့်ဗဟိုဘဏ်ဌာနတွင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၂) | သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၌ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် ဌာနအကြီးအကဲများ၊ သင်တန်း ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများတက်ရောက်ကြသည်။
Mar 02, 2022
ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေကာ အကျိုးအမြတ်များ ခေါင်းပုံဖြတ်ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ် နေပြည်တော် မတ် ၁
Mar 02, 2022
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ကြီးကြပ် ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေးဆောင်ရွက် လျက်ရှိရာ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် (၁၆) မိုင်ကျောက်ချော စစ်ဆေးရေးစခန်း၌ အကောက်ခွန်ဦးစီးဌာန ဦးဆောင်သော ပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် အလှကုန်ပစ္စည်းများ (ခန့်မှန်း တန်ဖိုး ငွေကျပ် ၈၆၄ဝဝဝဝ) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Mar 02, 2022
ရန်ကုန်မြို့ အမှတ် ၁၅ မိုးကောင်းလမ်းတွင် တည်ရှိသော မြဝတီမီဒီယာစင်တာ တွင် ဖွင့်လှစ်မည့် Star FM Radio Station တွင် တာဝန်ထမ်းဆောင်မည့် အရာထမ်း၊ အမှုထမ်း ၁၅ ဦးဖြင့် ဖွင့်လှစ်လျက်ရှိသော Internship လုပ်ငန်းခွင် လက်တွေ့ လေ့လာဆောင်ရွက်မှု သင်တန်းမှ သင်တန်းသားများကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက မတ် ၁ ရက်တွင် သတင်းမီဒီယာ ဥပဒေ၊ နည်းပညာဥပဒေနှင့်