Skip to main content

Mar 03, 2022

ခြိုးခြံချွေတာခြင်းသည် ကောင်းသောအလေ့အထဖြစ်သည်။ လူတစ်ယောက်၊ ဘဝတစ်ခု ချမ်းသာကြွယ်ဝမှုကို အထောက်အကူဖြစ်စေသော အလေ့အကျင့်တစ်ခု ဖြစ်သည်။ ခြိုးခြံချွေတာခြင်းနှင့် ပတ်သက်၍ မြန်မာပြည်ရှိ လူမျိုးခြားများ၏ အပြုအမူ အလေ့အထများအား ဥပမာပေးကြသည်ကို ကြားဖူးကြမည်ဖြစ်သည်။ လက်တွေ့တွင်လည်း ထိုလူမျိုးခြားအများစုသည် ချမ်းသာကြွယ်ဝသူများ ဖြစ်နေသည်ကို တွေ့ရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2022

မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံအမယ် တော်တော်များများ စိုက်ပျိုးဖြစ်ထွန်းသည်။ မြန်မာတို့မှာ မိရိုးဖလာအရ မြေပဲဆီနှင့် နှမ်းဆီတို့ကို အဓိကထား စားသုံးခဲ့ကြပြီး နောက်ပိုင်းတွင် နေကြာဆီကိုလည်း နှစ်နှစ်ခြိုက်ခြိုက် သုံးစွဲလာကြသည်။ သို့ရာတွင် ပြည်တွင်းစားသုံးဆီ ထုတ်လုပ်နိုင်မှုထက် ပြည်တွင်းဆီစားသုံးမှုက များစွာပိုလာခြင်းနှင့် ပြည်တွင်းမှ ထုတ်လုပ်သည့်ဆီက ဈေးနှုန်းမြင့်လာခြင်းတို့ကြောင့် ပြည်ပမှ တင်သွင်းလာသည့် စားအုန်းဆီကို ပိုမိုစားသုံးလာခဲ့ကြရာမှ ပြည်တွင်းဆီဈေးကွက်တွင် စားအုန်းဆီက အဓိကနေရာကို သိမ်းပိုက်လွှမ်းမိုးသွားခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 02, 2022

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ကျွန်းလှမြို့နယ်တို့အတွင်းရှိ အချို့ကျေးရွာများ၌ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ ခိုအောင်းနေထိုင်၍ အပြစ်မဲ့ဒေသခံပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်သတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သော နေရာများအား ဖောက်ခွဲမီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူလူထုနှင့် ခရီးသွားများအား အဓမ္မဆက်ကြေး တောင်းခံခြင်း စသည့် အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိကြောင်း ရိုးသားစွာ နေထိုင်လုပ်ကိုင် စားသောက်လိုသည့် တာဝန်သိပြည်သူအချို့က သတင်းပေးပို့လာခဲ့သဖြင့် အဆိုပါမြို့နယ်များ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးဆိုင်ရာ လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 02, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 02, 2022

နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ မြန်မာနိုင်ငံက တင်သွင်းခဲ့သော ကနဦးကန့် ကွက်လွှာဆိုင်ရာ ကြားနာပွဲသို့ တက်ရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ညပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 02, 2022

နိုင်ငံတော်၏ တည်ဆဲဥပဒေများကို ကျူးလွန်ဖောက်ဖျက်မှုကြောင့် ပြစ်ဒဏ်ကျခံလျက်ရှိသော အနုပညာရှင်များဖြစ်သည့် ပိုင်တံခွန်(သရုပ်ဆောင်)၊ လူမင်း(သရုပ်ဆောင်)၊ ပြေတီဦး(သရုပ်ဆောင်)၊ အိန္ဒြာကျော်ဇင်(သရုပ်ဆောင်)တို့အား အနုပညာဖြင့် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်စေရေးအတွက် ၎င်းတို့ကျခံရန်ရှိသည့် ပြစ်ဒဏ်များကို ၂၀၂၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး ဝင်းမင်းသန်း(Beauty Blogger)အား ၎င်းကျခံလျက်ရှိသည့် ပြစ်ဒဏ်များအနက် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ကျခံရန်ရှိသည့် ပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်းနှင့် ဒါရိုက်တာ ဝိုင်း အပေါ် အရေးယူထားသည့်ပြစ်မှုအား ပိတ်သိမ်းပေးခဲ့ကြောင်း သက်ဆိုင်ရာမှ သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 02, 2022

၂၀၁၉ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာသော မလေးရှားနိုင်ငံသား Fariz Azman Bin Zainul Azman (Passport No.A 36662046) သည် မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရပြီး ယင်းပြစ်မှုဖြင့် အင်းစိန်အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံလျက်ရှိရာ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှု၍လည်းကောင်း၊ လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း ၎င်းအားကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့်ပြုပြီး ၂၀၂၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် အကျဉ်းထောင်မှ လွှတ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 02, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျလိုက်နာ ဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 02, 2022

မတ် ၄ ရက်တွင် ကျရောက်မည့် ကမ္ဘာ့အင်ဂျင်နီယာများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀)၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်