Skip to main content

မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်တို့ ပူးပေါင်းကျင်းပသော World Engineering Day 2022 အထိမ်းအမှတ် အခမ်းအနားကျင်းပ

ရန်ကုန် မတ် ၂

၂၀၂၂ ခုနှစ် မတ် ၄ ရက်တွင် ကျရောက်သည့် World Engineering Day အထိမ်းအမှတ် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်တို့ ပူးပေါင်းကျင်းပသည့် World Engineering Day Myanmar Celebration Event အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ Online စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ Prof. Dr.GONG KE ၊ President ကမ္ဘာ့အင်ဂျင်နီယာအဖွဲ့ချုပ် Dr. Marlene Kaga , Past President ကမ္ဘာ့အင်ဂျင်နီယာ အဖွဲ့ချုပ်တို့က အဖွင့်အမှာစကား ပြောကြားကြသည်။

ယင်းနောက် အခမ်းအနား ဒုတိယအပိုင်းတွင် အနာဂတ်အင်ဂျင်နီယာများက ရေရှည်တည်တံ့ခိုင်ခံ့ပြီး ဟန်ချက်ညီ၍ ပိုမိုကောင်မွန်သော ဖွံ့ဖြိုးတိုးတက်မှုများ ဆောင်ရွက်နိုင်ရေး ဖော်ဆောင်နိုင်ရန်အတွက် FEIAP Past President ဖြစ်သော Dr. Chuan HeanTeak က ဦးဆောင်၍ ပြည်တွင်းပြည်ပ အင်ဂျင်နီယာ, ပညာရှင်များက World Engineering Day Myanmar Celebration Event Plenary Session ဆက်လက် ကျင်းပခဲ့ကြောင်း သိရသည်။

သတင်းစဉ်