Skip to main content

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ သတင်းမီဒီယာဥပဒေ၊ နည်းပညာဥပဒေနှင့် သတင်းမီဒီယာ ကျင့်ဝတ်ဘာသာရပ် ဟောပြောပို့ချ

ရန်ကုန်    မတ်    ၁

ရန်ကုန်မြို့ အမှတ် ၁၅ မိုးကောင်းလမ်းတွင် တည်ရှိသော မြဝတီမီဒီယာစင်တာ တွင် ဖွင့်လှစ်မည့် Star FM Radio Station တွင် တာဝန်ထမ်းဆောင်မည့် အရာထမ်း၊ အမှုထမ်း ၁၅ ဦးဖြင့် ဖွင့်လှစ်လျက်ရှိသော Internship လုပ်ငန်းခွင် လက်တွေ့ လေ့လာဆောင်ရွက်မှု သင်တန်းမှ သင်တန်းသားများကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက မတ် ၁ ရက်တွင် သတင်းမီဒီယာ ဥပဒေ၊ နည်းပညာဥပဒေနှင့် သတင်းမီဒီယာ ကျင့်ဝတ်ဆိုင်ရာဘာသာရပ်များနှင့်သတင်းမီဒီယာဆိုင်ရာ အတွေ့အကြုံများကို ရန်ကုန်မြို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရုံး သင်တန်းခန်းမ၌ ဟောပြောပို့ချခဲ့ရာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)၊ ဒုတိယဥက္ကဋ္ဌ (၂) ဦးတင်မောင်ဦး (ကြို့ပင်ကောက် တင်မောင်ဦး)နှင့် ကောင်စီဝင် ဒေါ်မြင့်မြင့်သိန်း (တက္ကသိုလ်မြမဉ္ဇူ)  တို့က ဆွေးနွေးဟောပြောပို့ချကြောင်း သိရသည်။

သတင်းစဉ်