Skip to main content

မြန်မာနိုင်ငံတော်ဗဟိုဘဏ် အရာရှိအဆင့် ဗဟိုဘဏ်ဌာနတွင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန်   မတ်   ၁

မြန်မာနိုင်ငံတော် ဗဟိုဘဏ် အရာရှိအဆင့်ဗဟိုဘဏ်ဌာနတွင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၂) | သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၌ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် ဌာနအကြီးအကဲများ၊ သင်တန်း ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများတက်ရောက်ကြသည်။

လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် မှာကြားသည်။ ထို့နောက် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပထမဆုရရှိသူ ငွေကြေးလုပ်ငန်းအုပ်ချုပ်မှုဌာနမှ ဦးစီးအရာရှိ ဒေါ်လှလှမျိုး၊  ဒုတိယဆုရရှိသူ ဘဏ်လုပ်ငန်း ကြီးကြပ်စစ်ဆေး ရေးဌာနမှ ဦးစီးအရာရှိ ဦးဇော်လင်း၊ တတိယဆုရရှိသူ ဘဏ်လုပ်ငန်းကြီးကြပ် စစ်ဆေးရေးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ထွန်းအောင် တို့ကို ဆုများချီးမြှင့်သည်။

အဆိုပါသင်တန်းအား ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားရှိသော စည်းကမ်းများနှင့်အညီ နှစ်ပတ်ကြာ လုပ်ငန်းခွင်မပျက် ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အရာထမ်း သင်တန်းသား စုစုပေါင်း ၃၇ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်