Mar 12, 2022
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာ ဇော်မြင့်၊ ဦးဇော်ဝင်းတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။
Mar 12, 2022
မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထားသူများနှင့် ပတ်သက်၍ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်း (Permanent Residence System-PR System) ဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူများအား လူတွေ့မေးမြန်း အကဲဖြတ်ခြင်းကို ယနေ့နံနက် ၁၁ နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထားသူများနှင့် ပတ်သက်၍ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်း (Permanent Residence System-PR System) ဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူများအား လူတွေ့မေးမြန်း အကဲဖြတ်ခြင်းကို ယနေ့နံနက် ၁၁ နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 12, 2022
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် လူနာများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ သတ်မှတ်အအေးလမ်းကြောင်းစံချိန် စံညွှန်းများအတိုင်း တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold Chain Delivery and Logistics ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။
Mar 12, 2022
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသော အာဆီယံခရီးသွားလုပ်ငန်း စံနှုန်းများဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲသို့ တက်ရောက်သည်။
Mar 12, 2022
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)ကို ယနေ့နံနက် ၈ နာရီခွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေး စည်းမျဉ်း၊ စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။
Mar 12, 2022
ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစိုးရ ပုဂ္ဂလိကလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 12, 2022
တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၁၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင် သစ်တောကြိုးဝိုင်းအတွင်းနှင့် ပြည်ခရိုင် ပေါင်းတည်မြို့နယ်အတွင်း တရားမဝင်သစ်မျိုးစုံ ၁၀ ဒသမ ၈၅၂၄ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၃၄၉၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
Mar 12, 2022
ဒီမိုကရေစီနိုင်ငံများတွင် ရွေးကောက်ပွဲသည် အရေးအကြီးဆုံးဖြစ်သည်။ စစ်မှန်ပြီး လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများမှ ပေါ်ထွက်လာသော ကိုယ်စားလှယ်များသည် နိုင်ငံတော်အကျိုး၊ ပြည်သူ့အကျိုးကို တာဝန်ယူ ဆောင်ရွက်ကြရသည်။ ထို့ကြောင့် ပြည်သူ့ကိုယ်စားလှယ်များအား မှန်မှန်ကန်ကန် ရွေးချယ်နိုင်မှသာ နိုင်ငံတော်နှင့် ပြည်သူအတွက် အကျိုးရလဒ်ကောင်းများ ပေါ်ထွက်လာမည် ဖြစ်သည်။
Mar 12, 2022
မိသားစုတစ်စု၏ နေ့စဉ်လူမှုဘဝများအတွက် လျှပ်စစ်ဓာတ်အားက လွန်စွာအရေးပါလှသည်။ စားဝတ်နေရေးလိုအပ်ချက်များအတွက် ဆောင်ရွက်ကြရာတွင် လျှပ်စစ်မီးဖို၊ လျှပ်စစ်ဒယ်အိုး၊ လျှပ်စစ်မီးပူ၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ ရုပ်မြင်သံကြားစက်၊ လေအေးပေးစက်၊ ရေပူရေအေးစက်၊ ရေတင်စက်၊ မိုက္ကရိုဝေ့ဖ်မီးဖို စသည်ဖြင့် မိသားစုတစ်စု၏ ၂၄ နာရီပတ်လုံး အသုံးပြုမှုများတွင် ဓာတ်အားက မပါမပြီး။ ယခုကဲ့သို့ အပူရှိန်ပြင်းလာပြီဖြစ်သည့် နွေကာလသို့ ရောက်သည့်အခါ ဓာတ်အားသုံးစွဲမှုက ပိုလာသည်။ အများအပြားစုပြုံ သုံးစွဲကြသည့်အချိန်တွင် ဝန်နှင့်အား မမျှတခြင်း၊ ရေအားလျှပ်စစ်စက်ရုံများတွင် ရေနည်းလာမှုကြောင့် ထုတ်လုပ်မှု လျှော့ချရခြင်း စသည်တို့မှာ နှစ်စဉ်ကြုံတွေ့နေရသည့် အခက်အခဲအချို့ပင် ဖြစ်သည်။
Mar 11, 2022
၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အစီအစဉ်ဖြင့် ပြုလုပ်လျက်ရှိသည့် မဲစာရင်း ပြည့်စုံမှန်ကန်ရေးအတွက် ရှေ့ပြေးလုပ်ငန်း (PILOT PROJECT) ဖြစ်သည့် အခြေခံလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်၊ အထက(၄)၊ သီရိရတနာခန်းမတွင် ၁၀-၃-၂၀၂၂ ရက် (၀၉:၀၀) ချိန်တွင် ပြုလုပ်ခဲ့ရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးအဆင့်ဆင့်မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ခရိုင် (၄)ခရိုင်မှ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်တာဝန်ရှိသူများ၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တာဝန်ရှိသူ နယ်မြေတာဝန်ခံများ၊ ရန်ကုန်တိုင်းဒေသကြီး မြို့နယ် (၄၅) မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများမှ တာဝန်ခံဝန်ထမ်းများ၊ အလုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့်မှ တာဝန်ရှိသူများ အင်အား (၂၈၅) ဦး တက်ရောက်ခဲ့ကြပါသည်။