Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မဲဆန္ဒရှင်စာရင်းမှန်ကန်ရေးအတွက် ရှေ့ပြေးလုပ်ငန်း ဖြစ်သည့် အခြေခံလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖွင့်ပွဲအခမ်းအနား

(၁၀-၃-၂၀၂၂ ) ကြာသပတေးနေ့

၁။      ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အစီအစဉ်ဖြင့် ပြုလုပ်လျက်ရှိသည့် မဲစာရင်း ပြည့်စုံမှန်ကန်ရေးအတွက် ရှေ့ပြေးလုပ်ငန်း (PILOT PROJECT) ဖြစ်သည့် အခြေခံလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်၊ အထက(၄)၊ သီရိရတနာခန်းမတွင် ၁၀-၃-၂၀၂၂ ရက် (၀၉:၀၀) ချိန်တွင် ပြုလုပ်ခဲ့ရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးအဆင့်ဆင့်မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ခရိုင် (၄)ခရိုင်မှ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်တာဝန်ရှိသူများ၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တာဝန်ရှိသူ နယ်မြေတာဝန်ခံများ၊ ရန်ကုန်တိုင်းဒေသကြီး မြို့နယ် (၄၅) မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများမှ တာဝန်ခံဝန်ထမ်းများ၊ အလုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့်မှ တာဝန်ရှိသူများ အင်အား (၂၈၅) ဦး တက်ရောက်ခဲ့ကြပါသည်။

၂။       ဖွင့်ပွဲအခမ်းအနားအပြီးတွင် ရန်ကုန်အနောက်ပိုင်းခရိုင် အလုံမြို့နယ်ရှိ ရပ်ကွက် (၁၁) ခုတို့မှ အခြေခံလူဦးရေစာရင်းနှင့် မြေပြင်စာရင်းတိုက်ဆိုင် စစ်ဆေးမှုလုပ်ငန်းများအား သက်ဆိုင်ရာ ဌာနများက ဆက်လက်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါ (PILOT PROJECT) အား (၁၀-၃-၂၀၂၂) ရက်မှ (၁၂-၃-၂၀၂၂) ရက်ထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။