Mar 11, 2022
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအထောက်အကူပြု ရူပဗေဒဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ
Mar 11, 2022
မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းခြောက်သွေ့ဇုန်၏ ဗဟိုချက်မသည် မကွေးတိုင်းဒေသကြီးဖြစ်သည်။ မကွေးတိုင်းဒေသကြီး၏ မြောက်ဘက်တွင် ချင်းတောင်တန်း၊ အနောက်ဘက်တွင် ရခိုင်ရိုးမ၊ တောင် ဘက်တွင် ပဲခူးရိုးမတို့ရှိသဖြင့် ယင်းတို့နှင့် နီးစပ်ရာ အစွန်အဖျားဒေသများတွင် ပျမ်းမျှမိုးရေချိန် လက်မ ၄၀ ခန့် ရွာသွန်းသော်လည်း ကျန်အလယ်ပိုင်းဒေသ များတွင် ပျမ်းမျှမိုးရေချိန် ၁၂ လက်မခန့်သာရှိသည့် အတွက် မိုးရေကို တိုင်းဒေသကြီးအတွင်းရှိ တောင်သူများ အားထား၍ မရပေ။
Mar 11, 2022
မြန်မာ့စီးပွားရေးဘဏ်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ နှစ်ချုပ်စာရင်းပိတ်လုပ်ငန်း ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပသည်။
Mar 11, 2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးရာမူဝါဒကော်မတီ အစည်း အဝေးအမှတ်စဉ် (၁/၂၀၂၂)အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံခြားရေးရာ မူဝါဒကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
Mar 11, 2022
“စီးပွားရေးအမြင်သည် နိုင်ငံရေးအမြင်နှင့်လည်း ဆက်စပ်လျက်ရှိပြီး စီးပွားရေးအားကို ကောင်းအောင် ဆောင်ရွက်ပေးနိုင်မည်ဆိုပါက အေးချမ်းသာယာသည့်နိုင်ငံတော်ကို တည်ဆောက်နိုင်မည် ဖြစ်ကြောင်း၊ စီးပွားရေးကောင်းမွန်မှသာလျှင် လူနေမှုဘဝ မြင့်မားလာမည်ဖြစ်သဖြင့် နိုင်ငံအတွက် စီးပွားရေးအမြင်များ တိုးတက်လာစေရန်နှင့် စီးပွားရေးစီမံခန့်ခွဲမှုများ မြင့်မားလာစေရန် လေ့လာ အားထုတ်ရမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ် ၉ ရက်တွင် ပြောကြားခဲ့သည်။
Mar 11, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက “တိုင်းပြည်သာယာဝပြောရေး” နှင့် “စားရေရိက္ခာဖူလုံရေး” ဟူသော အမျိုးသားရေး လုပ်ငန်းစဉ်နှစ်ခုနှင့် “စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်မာစေရေး” နှင့် “ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး” ဟူသော နိုင်ငံရေးလုပ်ငန်းစဉ်နှစ်ခုတို့ကို ဦးတည်ဆောင်ရွက် လျက်ရှိသည်။
Mar 10, 2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာနှင့် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ရွှေဘုံသာကျေးရွာတို့ရှိ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား PDF အမည်ခံ အကြမ်းဖက်သမားများက ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
Mar 10, 2022
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ် အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်ဖောက်ခွဲ မှုများပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့် ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်း များအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာ လူမျိုးများ၏ အထွဋ်အမြတ်ထားရာ သာသနာပိုင်အဆောက်အဦများကိုပါ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများကို စိတ်နှလုံး ညှိုးနွမ်းဖွယ် ရက်စက်စွာ ပြုလုပ်နေကြသည်ကို တွေ့ရှိရသည်။
Mar 10, 2022
နိုင်ငံတော်မှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည့် CRPH၊ NUG နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များ မြို့ရွာများတွင် လှုပ်ရှားသွားလာမှု မရှိစေရေး နေ့/ညမပြတ် ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ မတ်လ ၆ ရက် ညပိုင်းတွင် တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မြောက်ဥက္ကလာပ မြို့နယ်၊ (ဋ)ရပ်ကွက်၊ အမှတ်(၃၅၅) နေအိမ်၌ သျှားထက်အောင်(၂၄)နှစ်အား ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၉ မမ ကျည် ၉ တောင့်၊ ဖုန်းမျိုးစုံ ၂ လုံးတို့နှင့်အတူ ဖမ်းဆီးရမိပြီး တရားခံ သွားထက်အောင်၏ ထွက်ဆိုချက်အရ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်၊ (၄)ရပ်ကွက်၊ အမှတ်(၈၇)နေအိမ်၌ သန့်စင်အောင်(၂၃)နှစ်အား ဖမ်းဆီး ရမိခဲ့သည်။
Mar 10, 2022
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ် ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ နွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေးဘာသာ မရွေးအသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင် စခန်းများအတွင်းရှိပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများကကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို အင်တိုက် အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။