နေပြည်တော် မတ် ၁၁
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် လူနာများကို တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူ ဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ သတ်မှတ်အအေးလမ်းကြောင်းစံချိန် စံညွှန်းများအတိုင်း တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold Chain Delivery and Logistics ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။
ဆက်လက်ဖြန့်ဝေပေးသွားမည်
ယင်းသို့ ပို့ဆောင်ဖြန့်ဖြူးပေးရာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီဌာန၊ ဗဟိုကာကွယ်ဆေး သိုလှောင်ခန်း၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ထားရှိသည့် ကိုဗစ်ကာကွယ်ဆေးများကို တနင်္သာရီတိုင်းဒေသကြီးရှိ မြို့ကြီးများဖြစ်သော ထားဝယ်မြို့သို့ ဆေးတစ်လုံးလျှင် ၁၀ ဦး ထိုးနိုင်သော Covishield ဆေး ၃၉၃ လုံး၊ ဆေးတစ်လုံးလျှင် ၁၀ ဦး ထိုးနိုင်သော Covaxin ဆေး ၉၁၂၂ လုံး နှင့် ဆေးထိုးအပ်များ၊ မြိတ်မြို့သို့ ဆေးတစ်လုံးလျှင် ၁၀ ဦး ထိုးနိုင်သော Covishield ဆေး ၁၃၅၆ လုံး၊ ဆေးတစ်လုံးလျှင် ၁၀ ဦး ထိုးနိုင်သော Covaxin ဆေး ၆၀၃၄ လုံး နှင့် ဆေးထိုးအပ်များ၊ ကော့သောင်းမြို့ ဆေးတစ်လုံးလျှင် ၁၀ ဦး ထိုးနိုင်သော Covishield ဆေး ၁၃၂ လုံး၊ ဆေးတစ်လုံးလျှင် ၁၀ ဦး ထိုးနိုင်သော Covaxin ဆေး ၁၄၁ လုံး နှင့် ဆေးထိုးအပ်များကို တပ်မတော်(လေ)မှ လေယာဉ်ဖြင့် ပို့ဆောင်ပေးရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်