Mar 30, 2022
(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘောဂသီရိ အဝေးပြေးကားဝင်းအနီးရှိ မီးပွိုင့် လမ်းဆုံတွင်လည်းကောင်း၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်အနီး မီးပွိုင့်လမ်းဆုံတွင် လည်းကောင်း၊ အမှတ်(၃)စစ်ကြောရေးနှင့် တည်းခိုရေးစခန်းအနီး လမ်းဆုံတွင် လည်းကောင်း၊ ပင်လောင်းမီးပွိုင့် လမ်းဆုံနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝင်း အတွင်း၌ လည်းကောင်း မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ပြီး ဇာတိသွေး၊ ဇာတိမာန်တက်ကြွစေမည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်သည်များ၏ လှုပ်ရှားမှုပုံရိပ်များကို ဖော်ကျူးထားသော ပိုစတာ ကြီးများကို စိုက်ထူထားရှိသည်။
Mar 30, 2022
ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော် သည် ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး (နေပြည်တော်) စုပေါင်းခန်းမ၌ ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နှစ်ပတ်လည်နေ့အထိမ်းအမှတ် အကြိုစာတမ်း ဖတ်ပွဲ ဒုတိယနေ့အခမ်းအနားသို့ တက်ရောက်သည်။
Mar 30, 2022
ပြည်တွင်းတည်ငြိမ်အေးချမ်းမှုကို ဖျက်ဆီးနေသော PDF အမည်ခံ သောင်းကျန်းသူများ၏ အကြမ်းဖက် လုပ်ရပ်များကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ဘာသာပေါင်းစုံ ချစ်ကြည်ရေးအသင်း(ဗဟို)က သဘောထားထုတ်ပြန်
Mar 30, 2022
ပြည်တွင်းတည်ငြိမ်အေးချမ်းမှုကို ဖျက်ဆီးနေသော PDF အမည်ခံ သောင်းကျန်းသူများ၏ အကြမ်းဖက် လုပ်ရပ်များကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ဗုဒ္ဓကလျာဏယုဝအသင်းကြီး (YMBA)(ဗဟို)က သဘောထားထုတ်ပြန်
Mar 30, 2022
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ရေမြေတောတောင် သဘာဝအလှရှုခင်းများ၊ သမိုင်းဝင်အမွေအနှစ် အဆောက် အအုံများဖြင့် တင့်တယ်လှပလျက်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ထို့ကြောင့် ပြည်တွင်းခရီးသွားများသာမက ပြည်ပခရီးသွား များကပါ စဉ်ဆက်မပြတ် လာရောက် လေ့လာလျက်ရှိသော နိုင်ငံတစ်နိုင်ငံအဖြစ် တည်ရှိခဲ့ခြင်းဖြစ်ပါသည်။
Mar 30, 2022
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှု တားဆီးရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြား က ပြည်သူ့စကား” အစီအစဉ်မှ “မစားရ ဝခမန်း မက်လုံးပေးပြီး ဝန်ထမ်းများအပေါ် CDM လုပ်ဖို့ အယုံသွင်းနေကြသော ဒုက္ခတွင်း ထဲက ဘုံပျောက်နေတဲ့ အစွန်းရောက်ပြည်ဖျက် မိစ္ဆာများ” ခေါင်းစဉ်ဖြင့် မတ် ၃၀ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည် ဖြစ်သည်။
Mar 30, 2022
မြန်မာနိုင်ငံ၏ဆီအိုးကြီးဟု တင်စားရာ မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံမျိုးစုံနှင့် ပဲမျိုးစုံကို အဓိကစိုက်ပျိုးကြသည်။ ထိုကဲ့သို့ စိုက်ပျိုးရေးကို အားထားဆောင်ရွက်ကြသည့်အတွက် ထွက်ရှိလာသည့် စိုက်ပျိုးသီးနှံများ ရောင်းဝယ်ဖောက်ကားရန် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးသည် အရေးပါ လျက်ရှိသည်။ တိုင်းဒေသကြီးအတွင်း လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်စေရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနက လမ်းအရေ အတွက် ၈၂ လမ်း၊ စုစုပေါင်း လမ်းအရှည် ၂၁၄၄ မိုင် ၁ ဖာလုံ ၂၂၂ ပေကို တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။
Mar 30, 2022
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ မတ် ၂၅ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန် သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတဝန်ကြီး ဦးဆောင်သော ပူးပေါင်းအဖွဲ့များက သတင်းအရ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဧရာဝတီမြစ်ကမ်းဘေး တစ်လျှောက်တွင် တရားမဝင် ရွှေတူးဖော်မှု လုပ်ဆောင်ထားမှုများနှင့်အတူ ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ရေစုပ်စက်အင်ဂျင် မျိုးစုံ၂၈ လုံး၊ ရေခရုမျိုးစုံ ၂၃ လုံး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၄၅၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး ပလနနယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်အရေးယူ ဆောင်ရွက်လျက်ရှိသည်။
Mar 30, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၂) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို မတ် ၂၄ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Mar 30, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်း ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက် များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။