Skip to main content

Apr 01, 2022

မြန်မာနိုင်ငံသည် လူ့အခွင့်အရေးကို တန်ဖိုးထားလေးစားပြီး အားနည်းသူများကိုလည်း ခွဲခြားဆက်ဆံခြင်းမပြုဘဲ အားပေးကူညီ စောင့်ရှောက်မြှင့်တင်ပေးလျက်ရှိသည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃ ရက်က ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ (IDPD) ၏ “အားလုံးအကျုံးဝင် လက်လှမ်းမီပြီး ရေရှည်တည်တံ့သည့် ကိုဗစ်-၁၉ အလွန်ကမ္ဘာဖြစ်ပေါ်ရေး မသန်စွမ်းသူများ ဦးဆောင်ပါဝင်ကြိုးစားပေး” ဆောင်ပုဒ်နှင့်အညီ မသန်စွမ်းသူများ၏ အခန်းကဏ္ဍကို တိုးတက်အောင် အလေးထားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 01, 2022

မြန်မာနိုင်ငံ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀) တွင် ရည်မှန်းချက်ပန်းတိုင် (၆) ခုကို အခြေခံချမှတ်ထားပြီး မြို့ပြဧရိယာများမှ ထွက်ရှိသော စွန့်ပစ်ပစ္စည်းများ၊ စက်မှုလုပ်ငန်းနှင့် ဆေးဘက်ဆိုင်ရာ စွန့်ပစ်ပစ္စည်းများ၊ ပလတ် စတစ်စွန့်ပစ်ပစ္စည်းများ၊ ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများနှင့် သိသာစွာများပြားလာသော အခြားစွန့်ပစ်ပစ္စည်းများ စသည်တို့ကို စနစ်တကျသိမ်းဆည်းခြင်း၊ စွန့်ပစ်ခြင်းများနှင့် စွန့်ပစ်အရည်များ (လူနေအိမ်များနှင့် စက်မှုလုပ်ငန်းများမှ စွန့်ပစ်ရေဆိုးများ) စွန့်ပစ်ခြင်းနှင့် ပြုပြင်သန့်စင်ခြင်းများနှင့် ပတ်သက်၍ ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများ၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ရေရှည်တည်တံ့ရေးအတွက်လည်း စနစ်တကျဆောင်ရွက်ရမည့် အချက်များကို ဖော်ပြထားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 31, 2022

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)မှ ကိုယ်စားလှယ်များသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ တွေ့ဆုံဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 31, 2022

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် စတင်ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ အထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 31, 2022

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ဒေါပုံမြို့နယ်နှင့် အင်းစိန်မြို့နယ်နေ ဆုဝေနှင်း(ဘ)ဦးတင့်လွင်၊ ဆုမြတ်သွယ် (ဘ)ဦးစိန်မိုး၊ ခိုင်မင်းထွန်း (ခ)နေမင်း (ဘ)ဦးလှနိုင်၊ ဉာဏ်ဟိန်းထက် (ခ)ကိုထက် (ခ)ယုန်လေး (ဘ)ဦးစိုးဝင်း၊ ပြည့်ဖြိုးသူ(ခ)ကိုစိုင်း (ခ)စိုင်းသူ(ဘ)ဦးအေးသန်း၊ ရဲရင့်ဖြိုး(ခ)ပီတာပို(ဘ)ဦးညီညီလွင်၊ ဝေမိုးနိုင်(ခ)ဝင်းလွင်ဦး (ဘ)ဦးခင်ထွန်းနှင့် သန်းဇော်(ခ)ဝတုတ်(ခ)ကျောင်းဆရာ(ဘ) ဦးမောင် တို့သည် မြောက်ဥက္ကလာပမြို့နယ်၊ (ဇ)ရပ်ကွက်ရှိ Wifi ကားရေဆေးဆိုင်မှ ဆိုင်ရှင်ဖြစ်သူအား သုနန္ဒာလမ်းနှင့် မေဓာဝီလမ်းဆုံ၌ သေနတ်ဖြင့်ပစ် ခတ်သတ်ဖြတ်ခဲ့ပြီး နိုင်ငံတော်က သတ်မှတ်ကြေညာထားသည့် အကြမ်းဖက်အဖွဲ့အစည်းများ၏ လက်အောက်ခံအဖြစ် အများပြည်သူ၏ လုံခြုံရေးကိုထိခိုက်ဆုံးရှုံးစေရန် အကြမ်းဖက် မှုကျူးလွန်ခဲ့ခြင်းကြောင့် လည်းကောင်း၊ ဆုမြတ်သွယ်(ဘ)ဦးစိန်မိုး၊ ခိုင်မင်းထွန်း (ခ)နေမင်း(ဘ) ဦးလှနိုင်၊ ဉာဏ်ဟိန်းထက်(ခ) ကိုထက်(ခ)ယုန်လေး(ဘ)ဦးစိုးဝင်း၊ ပြည့်ဖြိုးသူ(ခ) ကိုစိုင်း(ခ)စိုင်းသူ(ဘ)ဦးအေးသန်း၊ ရဲရင့်ဖြိုး(ခ)ပီတာပို(ဘ) ဦးညီညီလွင်၊ ဝေမိုးနိုင်(ခ) ဝင်းလွင်ဦး(ဘ)ဦးခင်ထွန်း၊ သန်းဇော်(ခ)ဝတုတ်(ခ) ကျောင်းဆရာ(ဘ) ဦးမောင် နှင့် ကိုလတ် တို့သည် မြောက်ဉက္ကလာပမြို့မရဲစခန်း အပါအဝင် အများ ပြည်သူများ သွားလာလျက်ရှိသည့် နေရာများ၊ လုံခြုံရေးစခန်းများ၊ ဘဏ်များ၊ နိုင်ငံပိုင်အဆောက်အဦများနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား လက်နက်ငယ်များ၊ လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့ခြင်းတို့ကြောင့်လည်းကောင်း စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဉပဒေပုဒ်မ ၅၄ အရ ၂၀၂၂ ခုနှစ်၊ မတ် ၃၀ ရက်တွင် ၎င်းတို့အား“သေဒဏ်” ပြစ်ဒဏ်ကို အသီးသီးအမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 31, 2022

နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ကို ထိမ်းသိမ်းရန်၊ လုပ်သက်ရင့်နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ငန်းအတွေ့အကြုံနှင့် ကျွမ်းကျင်းမှုတို့အရ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတွင် ဆက်လက် အထောက်အကူပြုစေရန်၊ လုပ်ငန်းကျွမ်းကျင်သည့် လုပ်သက်ရင့် နိုင်ငံ့ဝန်ထမ်းများကို နိုင်ငံတော်က ဆက်လက်ချီးမြှောက်ရန်အလို့ငှာ ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်မှုအရ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၇၆၊ ပုဒ်မခွဲ (က) တွင် အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၏ နည်းဥပဒေ ၂၃၀ ပါ ဝန်ထမ်းတစ်ဦး အငြိမ်းစားယူရမည့် နေ့ရက်အား ယင်းဝန်ထမ်း ၆၂ နှစ်ပြည့်သည့်နေ့ဟု နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများကို စတုတ္ထအကြိမ်ပြင်ဆင်သည့်နည်းဥပဒေများဖြင့် ပြင်ဆင်ခဲ့ကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 31, 2022

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် သည် အလုပ်သဘောခရီးစဉ် သွားရောက်ရန်အတွက် ယနေ့နံနက် ၇ နာရီတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 31, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 31, 2022

သီပေါမြို့နယ်တွင် ငွေကျပ်သိန်း ၄,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 31, 2022

နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်စာရင်းမှန်ကန်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ပေါင်းစပ်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၁)နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်