Apr 01, 2022
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြန်မာစာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၈၁၇၄၁ ဦးရှိကြောင်း သိရသည်။
Apr 01, 2022
မြန်မာနိုင်ငံသည် လူ့အခွင့်အရေးကို တန်ဖိုးထားလေးစားပြီး အားနည်းသူများကိုလည်း ခွဲခြားဆက်ဆံခြင်းမပြုဘဲ အားပေးကူညီ စောင့်ရှောက်မြှင့်တင်ပေးလျက်ရှိသည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃ ရက်က ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ (IDPD) ၏ “အားလုံးအကျုံးဝင် လက်လှမ်းမီပြီး ရေရှည်တည်တံ့သည့် ကိုဗစ်-၁၉ အလွန်ကမ္ဘာဖြစ်ပေါ်ရေး မသန်စွမ်းသူများ ဦးဆောင်ပါဝင်ကြိုးစားပေး” ဆောင်ပုဒ်နှင့်အညီ မသန်စွမ်းသူများ၏ အခန်းကဏ္ဍကို တိုးတက်အောင် အလေးထားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
Apr 01, 2022
မြန်မာနိုင်ငံ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀) တွင် ရည်မှန်းချက်ပန်းတိုင် (၆) ခုကို အခြေခံချမှတ်ထားပြီး မြို့ပြဧရိယာများမှ ထွက်ရှိသော စွန့်ပစ်ပစ္စည်းများ၊ စက်မှုလုပ်ငန်းနှင့် ဆေးဘက်ဆိုင်ရာ စွန့်ပစ်ပစ္စည်းများ၊ ပလတ် စတစ်စွန့်ပစ်ပစ္စည်းများ၊ ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများနှင့် သိသာစွာများပြားလာသော အခြားစွန့်ပစ်ပစ္စည်းများ စသည်တို့ကို စနစ်တကျသိမ်းဆည်းခြင်း၊ စွန့်ပစ်ခြင်းများနှင့် စွန့်ပစ်အရည်များ (လူနေအိမ်များနှင့် စက်မှုလုပ်ငန်းများမှ စွန့်ပစ်ရေဆိုးများ) စွန့်ပစ်ခြင်းနှင့် ပြုပြင်သန့်စင်ခြင်းများနှင့် ပတ်သက်၍ ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများ၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ရေရှည်တည်တံ့ရေးအတွက်လည်း စနစ်တကျဆောင်ရွက်ရမည့် အချက်များကို ဖော်ပြထားသည်။
Mar 31, 2022
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)မှ ကိုယ်စားလှယ်များသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ တွေ့ဆုံဆွေးနွေးကြသည်။