Mar 29, 2022
နေပြည်တော်ကောင်စီ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ရုံးခန်းဖွင့်လှစ်ခြင်း အခမ်း အနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေ ဇမ္ဗူသီရိမြို့နယ် မြို့မဈေး ပွဲရုံတန်း(ပ/၂၃၈)၌ ကျင်းပခဲ့ပြီး စားသုံးသူ ပြည်သူများကို သက်သာသော ဈေးနှုန်းဖြင့် စားသုံး ဆီများကို ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။
Mar 29, 2022
(၇၇)နှစ်မြောက် တပ်မတော် နေ့ကို ဂုဏ်ပြုသောအားဖြင့် နေပြည်တော်ကောင်စီ နယ်မြေ အတွင်းရှိ ဘောဂသီရိအဝေးပြေး ကားကွင်းအနီးရှိ မီးပွိုင့်လမ်းဆုံ တွင် လည်းကောင်း၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်အနီး မီးပွိုင့်လမ်းဆုံတွင် လည်းကောင်း၊ အမှတ်(၃) စစ်ကြောရေးနှင့် တည်းခိုရေးစခန်းအနီး လမ်းဆုံ တွင် လည်းကောင်း၊ ပင်လောင်း မီးပွိုင့်လမ်းဆုံနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)ဝင်းအတွင်း၌ လည်းကောင်း မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ပြီး ဇာတိသွေး၊ ဇာတိမာန်တက်ကြွစေမည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်သည်များ၏ လှုပ်ရှားမှုပုံရိပ်များကို ဖော်ကျူးထားသော ပိုစတာ ကြီးများကို စိုက်ထူထားရှိသည်။
Mar 29, 2022
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဝန်ထမ်းသစ်များကြိုဆိုပွဲနှင့် စွမ်းရည်မြှင့် သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၌ ကျင်းပသည်။
Mar 29, 2022
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် ယနေ့ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း (MRCCI) ဥက္ကဋ္ဌ၊ ဗဟိုအလုပ်အမှုဆောင်နှင့် အလုပ်အမှုဆောင်သစ်များကို Virtual စနစ်ဖြင့် ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
Mar 29, 2022
အာဆီယံလူငယ်ဓာတ်ပုံပြိုင်ပွဲ ၂၀၂၂ (ASEAN Youth Photo Competition 2022)ကို ကမ္ဘောဒီးယား နိုင်ငံ ပညာရေး၊ လူငယ်နှင့် အားကစားဝန်ကြီးဌာနမှ ဦးဆောင်ပြီး “အပြန်အလှန် အကျိုးဖြစ်ထွန်း စေရေး ပေါင်းစည်းအားဖြင့် ဖော်ဆောင်ပေး” ခေါင်းစဉ်ဖြင့် ကျင်းပ သွားမည်ဖြစ်သည်။
Mar 29, 2022
ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏စားသောက်ရေးကို အထောက်အကူ ဖြစ်စေရန် အတွက် မတ် ၂၇ ရက် မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက် ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများသည် အမ်းမြို့ရှိ နယ်မြေခံ တပ်ရင်း/တပ်ဖွဲ့များတွင် မွေးမြူထားရှိသော DYL ဝက်မွေးမြူရေးခြံ၊ နို့စားနွားမွေးမြူရေးခြံ၊ အသားတိုး နွားမွေးမြူရေးခြံ၊ ဥစားကြက် မွေးမြူရေးခြံ၊ အသားတိုး ကြက်မွေးမြူရေးခြံ၊ ငါးမွေးမြူရေး လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် လေးဝတီမွေးမြူရေးအစာစပ်လုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Mar 29, 2022
လက်တစ်ခုတွင် အတိုအရှည်အရွယ်အစားမတူ၊ သဘောသဘာဝ ဂုဏ်ရည်မတူသည့် လက်ချောင်း ငါးချောင်း ရှိသည်။ မိသားစုတစ်စု၏ မိသားစုဝင်များတွင်လည်း ထိုနည်းလည်းကောင်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများတွင်လည်း ထိုသဘောသွားအတိုင်းရှိသည်။ တစ်အူထုံဆင်း မိသားစုဝင်များဖြစ်၍ စိတ်သဘောထား၊ ခံယူချက်မတိုက်ဆိုင်မှုများကို နားလည် ခွင့်လွှတ်ကြမည်ဖြစ်သော်လည်း မိသားစုချင်း စိတ်ဝမ်းကွဲပြီး မိသားစုကြီးတစ်ခုလုံး ပြိုကွဲပျက်စီး သွားမည့် ပြုလုပ်မှုများကိုမူ မိသားစုဝင်တိုင်းအနေဖြင့် မည်သို့မျှ လက်ခံနိုင်မည်မဟုတ်ပေ။
Mar 29, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် (၇၇) နှစ်မြောက် တပ်မတော်နေ့ မိန့်ခွန်းတွင် “တပ်မတော်အနေနဲ့ ထာဝရငြိမ်းချမ်းရေး ရရှိဖို့အတွက် အကြမ်းဖက်အဖွဲ့တွေနဲ့ အကြမ်းဖက်အဖွဲ့အစည်းကို အားပေး ထောက်ခံတဲ့ အဖွဲ့တွေကလွဲရင် NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေနဲ့ အမြဲမပြတ် တွေ့ဆုံ ဆွေးနွေးသွားမှာဖြစ်သလို လက်မှတ်ရေး ထိုးထားခြင်းမရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့လည်း လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်မထားတဲ့ ငြိမ်းချမ်း ရေး တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်သွားမှာဖြစ်တယ်” ဟူ၍ ပြောကြားခဲ့သည်။
Mar 28, 2022
တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပိုမိုတည်ဆောက်ရေးနှင့် ပြည်ထောင်စုစိတ်ဓာတ် ပိုမိုခိုင်မာလာစေရေး ရည်ရွယ်၍ တိုင်းရင်းသားကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမှု(ဖိုရမ်)ဖွင့်ပွဲ အခမ်းအနားကို မတ်လ (၂၈)ရက်နေ့၊ နံနက်(၉:၀၀) နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ရာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ အဖွဲ့ဝင်ဒေါက်တာဆလိုင်းအန်ဒရူးငုန်ကျုံးလျန်၊ တိုင်းဒေသကြီး/ပြည်နယ်များမှ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသော တိုင်းရင်းသား ကိုယ်စားလှယ်များ၊ Facilitator (ကူညီဆောင်ရွက်ပေးသူ)များ၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပါသည်။
Mar 28, 2022
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသည် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန၌ ယနေ့နံနက်ပိုင်းတွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးကြသည်။