Skip to main content

ငါးသယံဇာတများ ဝိုင်းဝန်းထိန်းသိမ်းရေး လက်ကမ်းစာစောင်များဖြန့်ဝေ

နေပြည်တော် ဧပြီ ၃

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနအဖွဲ့တို့သည် ငါးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာ စေရန်၊ ငါးမျိုးပြုန်းတီးမှုမှ ကာကွယ်တားဆီးရန်၊ ငါးမျိုးစိတ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ ရေချိုငါးလုပ်ငန်းရေပြင်များ ပျက်စီးခြင်းမှ ကာကွယ်စောင့်ရှောက်ရန်၊ ငါးစားသုံးမှုဖူလုံစေပြီး ပိုလျှံသည်များကို ပြည်တွင်းပြည်ပသို့ တင်ပို့ရောင်းချရန် ရည်ရွယ်၍ ဧပြီ ၁ ရက်က ဗန်းမော်မြို့ ကမ်းနားဈေးသို့သွားရောက် ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးရစ်/ငါးသန်ကာလဖြစ်သော တန်ခူးလဆန်း ၁ ရက်မှ ဝါဆို လပြည့်နေ့ အထိ ဧပြီ ၁ ရက်မှ ဇူလိုင် ၁၂ ရက်အထိ မြစ်ချောင်း၊ အင်းအိုင်၊ ဆည်တမံများ၊ သဘာဝ ရေပြင် အနှံ့အပြားတွင် မိုးဦးကာလဥများဖြင့် ပြည့်ဝနေသော ငါးမကြီးများနှင့် မျိုးရည်ပြည့်ဝနေသော ငါးထီးကြီးများသည် မိတ်လိုက်ဥချပြီး ငါးရစ်တက်ကြသည်။ ထိုငါးရစ်တက်ငါးများအား သားစဉ် မြေးဆက်စားသုံး နိုင်ရေး လူတိုင်းလူတိုင်း လိုက်နာထိန်းသိမ်းစောင့်ရှောက်ပေးကြ ပါရန်နှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

သတင်းစဉ်