Apr 02, 2022
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းများတွင် အသုံးပြုရန် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ ပြည်သူများသို့ လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး AstraZeneca အမှတ်တံဆိပ် (၁)သန်း doses အနက် ဒုတိယအသုတ် ကာကွယ်ဆေး(၅)သိန်း Doses နှင့် ဆေးထိုးအပ် (၅)သိန်းတို့သည် Thai Airways လေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် ရောက်ရှိလာရာ အဆိုပါ ကာကွယ်ဆေးများနှင့် ဆေးထိုးအပ်များကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသို့ လွှဲပြောင်းပေးအပ်ပွဲကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ဧည့်ခန်းမဆောင်၌ ပြုလုပ်သည်။
Apr 02, 2022
မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 02, 2022
ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အစိုးရသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သည့် သစ်တောဥပဒေ ပုဒ်မ(၆)၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော အခွင့်အာဏာများကို ကျင့်သုံး၍ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကွမ်းခြံကုန်း မြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၉၂၇၄ ဒသမ ၃၈ ဧကရှိသော နယ်မြေကို“အစိမ်းရောင်တံတိုင်း ဒီရေတောကြိုးပြင်ကာကွယ်တော” အဖြစ်
Apr 02, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေ နေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
Apr 02, 2022
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်-မေတ္တာ-ထီးခီး သွားကားလမ်းပေါ်၌ ဂက်စ်များ တင်ဆောင် လာသည့် မော်တော်ယာဉ်နှစ်စီးအား ယနေ့နံနက်ပိုင်းတွင် အကြမ်းဖက်သမားများက အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
Apr 02, 2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့ရှိ အခြေခံပညာ အထက်တန်း ကျောင်းများတွင် ကျောင်းသား ကျောင်းသူများက ဝင်ရောက်ဖြေဆိုလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် အကြမ်းဖက်သမား များက တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့ (ခ)ရပ်ကွက် ကျောက်တိုင်လမ်းရှိ အခြေခံပညာအထက် တန်းကျောင်း (ရေဖြူ)သို့ လက်လုပ်အသံဗုံး တစ်လုံးဖြင့် လာရောက်နှောင့်ယှက် ပစ်ခတ် ခြင်းကြောင့် ပေါက်ကွဲမှုဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။
Apr 02, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Apr 02, 2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ကုမ္ပဏီ တစ်ခု၊ ယာဉ်စီးရေ နှစ်စီးဖြင့် နှာခေါင်း စည်း Disposable Mask ၁၆ တန်ကို တင်သွင်း ခဲ့ကြောင်း သိရသည်။
Apr 02, 2022
၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဓာတ်အားသုံးစွဲသူ ပြည်သူများမှ လစဉ်ပေးဆောင် ရမည့် ဓာတ်အားခများအတွက် လစဉ် လဆန်း ၁ ရက်နေ့မှ ၅ ရက်နေ့အထိ မီတာဖတ်ခြင်း၊ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ဘီလ်ထုတ်ခြင်း၊ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဘီလ်ပေးဝေခြင်းများ ဆောင်ရွက်ပြီး ငွေလက်ခံခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ဓာတ်အားခ နောက်ဆုံးပေးဆောင်ရမည့်ရက် (Last Date) များအား လ၏ (၁၇၊ ၁၉၊ ၂၁၊ ၂၃၊ ၂၅) ရက်များတွင် နောက်ဆုံးထား ပေးဆောင်ရန် သတ်မှတ်ကောက်ခံလျ
Apr 02, 2022
ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စု အစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့် ကြော်ငြာစာအမှတ် (၄၈/၂၀၁၄) ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့တွင် ထုတ်ပြန် ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီစိစစ်၍ လုပ်ငန်း အသိအမှတ်ပြုလက်မှတ်များကို ခွင့်ပြုပေးလျက် ရှိပါသည်။