Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဌာနဆိုင်ရာများတွေ့ဆုံပွဲ အခမ်းအနားကျင်းပ

လားရှိုး ဧပြီ ၆

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဌာနဆိုင်ရာများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက  ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ပြည်နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင်(ယာပုံ)ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်း စဉ် (၅) ရပ် အရ အရေးပေါ်ကာလဆောင်ရွက်ရန် လုပ်ငန်းများ ပြီးဆုံးပါက ရွေးကောက်ပွဲပြုလုပ်ပြီး  အနိုင်ရပါတီသို့   လွှဲပြောင်းပေးမည်  ဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊  ပြည်ထဲရေးဝန်ကြီးဌာန၊  လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီးဌာနတို့ က ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်ရာ၌ သတ်မှတ်အချိန်ကာလအတွင်း ပြီးမြောက်အောင် ဆောင်ရွက်ရာတွင် လူဦးရေစာရင်း၊ မဲစာရင်းများ မှန်ကန်စေရေးတို့ကို သက်ဆိုင်ရာဌာနများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ လားရှိုးခရိုင်၊ မူဆယ်ခရိုင်၊ ကျောက်မဲခရိုင် ရွေးကောက်ပွဲအရာရှိများ၊ ရှမ်းပြည်နယ်မြောက်ပိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲအရာရှိများက လုပ်ငန်းဆောင်ရွက် နေမှုများကို တင်ပြကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

သတင်းစဉ်