May 30, 2022
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကမ်းရိုးတန်းဒေသများမှ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) မှ နယ်လှည့်အထူးကုဆေးအဖွဲ့များသည် ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ်ရှိ မလိတိုက်နယ်ဆေးရုံ၌အခြေပြု၍ မလိကျွန်းနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၉၆၄ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
May 30, 2022
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm Doses ၁၀ သန်းနှင့် ဆေးထိုးအပ် ၁၃ သန်းတို့အနက် နောက်ဆုံးအသုတ်သည် ယနေ့နံနက် ၇ နာရီ မိနစ် ၅၀ တွင် Sichun Airline ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိပြီး တရုတ်နိုင်ငံသံရုံးမှ လှူဒါန်းသည့် ရွေ့လျားဓာတ်ခွဲခန်းပါ မော်တော်ယာဉ်နှစ်စီးသည် မူဆယ်နယ်စပ်ဂိတ်မှ ဖြတ်ကျော်၍ ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။
May 30, 2022
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဦးအောင်မြင့်၊ ရှမ်းပြည်နယ် ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် ရွှေညောင်မြို့ အခြေခံ ပညာအထက်တန်းကျောင်း၊ ကလောမြို့နယ် ဟဲဟိုး အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ ကလောမြို့နယ် အောင်ပန်းမြို့ အမှတ်(၃) အခြေခံ ပညာအထက်တန်းကျောင်း၊ အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်းနှင့်အမှတ် (၁၀)အခြေခံပညာအထက်တန်း ကျောင်းများသို့ သွားရောက်၍ ကျောင်းများဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ပြင်ဆင်ထိန်းသိမ်း ဆောင်ရွက်ထားမှုအခြေအနေ၊ တည်ဆောက်ပြီးစီးသည့်ကျောင်းဆောင်၊ ခန်းမဆောင်အခြေအနေ၊ ကျောင်းတွင်းစိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာရေးကိစ္စရပ်များကို ကြည့်ရှုစစ်ဆေးသည်။
May 30, 2022
မြန်မာနိုင်ငံကော်ဖီအသင်းက ဦးဆောင်ကျင်းပသည့် သတ္တမအကြိမ်မြောက် ကော်ဖီအရည်အသွေးအကဲဖြတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တော်ခန်းမ၌ ကျင်းပသည်။
May 30, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက်ဖိတ်ခေါ်မှုကို ပြည်သူများက ကြိုဆိုထောက်ခံသည့်အနေဖြင့် ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်မှုလုပ်ငန်းများကို ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောင့်ယှက်မှုများအား ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ပြည်ထောင်စုကွင်း၌ ပြုလုပ်သည်။
May 30, 2022
မျက်မှောက်ကာလတွင် ကြုံတွေ့နေသောစိန်ခေါ်မှုတစ်ခုမှာ စွမ်းအင်ပြဿနာဖြစ်သည်။ ယနေ့ကမ္ဘာတွင် ရုရှား-ယူကရိန်း ပဋိပက္ခ နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုကြောင့် စွမ်းအင်လောင်စာဈေးနှုန်းကြီးမြင့်မှုနှင့် နိုင်ငံခြားငွေကြေးမတည်ငြိမ်မှုများရှိလာသည်။ အဆိုပါပြဿနာသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများအားလုံး ရင်ဆိုင်နေရသည့် ပြဿနာတစ်ခုဖြစ်သည်။
May 30, 2022
ပြင်ဦးလွင်၌ ကျင်းပသည့် သတ္တမအကြိမ်မြောက် ကော်ဖီအရည်အသွေး အကဲဖြတ်ပြိုင်ပွဲတွင် ထုတ်လုပ်မှုအမျိုးအစားအလိုက် အဆင့်အမြင့်ဆုံး ကော်ဖီဆုများကို ပင်လောင်း၊ ရွာငံ၊ ဟိုပုန်း၊ ပြင်ဦးလွင်နှင့် နောင်ချိုဒေသများမှ ကော်ဖီလုပ်ငန်းရှင်များက ရရှိသွားကြသည်။ ပြိုင်ပွဲဝင် ကော်ဖီများ၏ အရည်အသွေး အနံ့အရသာတို့ကို နိုင်ငံတကာစံနှုန်းများနှင့်အညီ လိုင်စင်ရ ပြည်ပပညာရှင်၊ ပြည်တွင်းပညာရှင်များက မြည်းစမ်းစိစစ်ရွေးချယ်ပေးခဲ့ကြခြင်းဖြစ်ရာ ဆုရကော်ဖီများ၏ အရည်အသွေးများမှာ အဆင့်အမြင့်ဆုံးဖြစ်မည်မှာ ယုံမှားဖွယ်ရာမရှိ သေချာမည်သာဖြစ်သည်။
May 29, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
May 29, 2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းအား ယနေ့နံနက်အစောပိုင်းက အနာဂတ် မျိုးဆက်သစ်လူငယ်၊ လူရွယ်များ ပညာသင်ကြားမှုအခွင့်အရေးကို လိုလားမှုမရှိသည့် PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် စာသင်ကျောင်းဆောင် ၂ ဆောင်နှင့် စာသင်ခုံများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။