May 31, 2022
၁။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပြီး ဇွန်လ ၂ ရက်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်နိုင်ရေးအတွက်လည်း အင်တိုက်အားတိုက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရှိရပါသည်။
May 31, 2022
၂၀၂၂ ခုနှစ် မေလ ၃၁ ရက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၊ မြို့နယ်ပညာရေးမှူးရုံး၊ နှစ်ထပ်ကျောင်းဆောင် အစည်းအဝေးခန်းမအား NUG အမည်ခံ အကြမ်းဖက်အဖွဲ့နှင့် ၎င်း၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။
May 31, 2022
PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေး တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ယုတ်ညံ့သော စိတ်ဓာတ်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေး လုပ်ရပ်များအား ငွေကြေးထောက်ပံ့ခြင်း၊ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့် လှုံ့ဆော်မှုများဆောင်ရွက်ခြင်း ၎င်းတို့ကိုယ်တိုင် ကျူးလွန်ခြင်းများ လုပ်ဆောင်လျက်ရှိသည့်အပြင် အများပြည်သူ သွားလာနေသော လမ်းမကြီးများ၊ လမ်းများ၊ ကားဂိတ်များနှင့် မှတ်တိုင်များတွင်ပါ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် ထောင်ကာဖောက်ခွဲခြင်း၊ ပစ်ပေါက်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။
May 31, 2022
နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 31, 2022
၂၀၂၂ ခုနှစ် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် နေပြည်တော် ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် ရန်အောင်မြင်ကြိုးဝိုင်း အကွက်(၁၃)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ခရေပျိုးပင်ကို ဦးဆောင် စိုက်ပျိုးပေးသည်။
May 31, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက် ရှိပါသည်။
May 31, 2022
နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် Colombo Plan Staff College for Technician Education (CPSC)တို့ ပူးပေါင်း၍ In-Country Program on Developing Modern TVET Curriculum သင်ကြားရေး အစီအစဉ်၏ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
May 31, 2022
ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိ (နိုင်ငံအဆင့်) (10th ASEAN Quiz -National Level) ပြိုင်ပွဲသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူ ၃၄ ဦးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အထက-၁ (စမ်းချောင်း)၌ ရေးဖြေစာမေးပွဲဖြေဆိုခြင်းနှင့် မွန်းလွဲပိုင်းတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ လူတွေ့စစ်ဆေးခြင်းများ ပြုလုပ်ကြသည်။
May 31, 2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားကြမည့် ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ ကျောင်းသား/ကျောင်းသူများအတွက် ပညာသင်စရိတ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံများ ပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အနော်ရထာခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်သည်။
May 31, 2022
နိုင်ငံတော်မှ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍကို အလေးပေးဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးမွေးမြူရေးသမားများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်စေရန် ရည်မှန်းဆောင်ရွက်လျက်ရှိရာ ရေထွက်ကုန်တင်ပို့မှုတွင် ရခိုင်ပြည်နယ် နယ်စပ်ဂိတ်မှ ဘင်္ဂလားဒေ့ရှ်သို့တစ်လလျှင် ရေထွက်ကုန်တန်ချိန် ၈၀၀ မှ ၁၀၀၀ ကျော်အထိ တင်ပို့လျက်ရှိကြောင်း သိရသည်။