Skip to main content

တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ နယ်လှည့်အထူးကုဆေးအဖွဲ့ ပုလောမြို့နယ် မလိကျွန်းပေါ်နှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် မေ ၂၉

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကမ်းရိုးတန်းဒေသများမှ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) မှ နယ်လှည့်အထူးကုဆေးအဖွဲ့များသည် ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ်ရှိ မလိတိုက်နယ်ဆေးရုံ၌အခြေပြု၍ မလိကျွန်းနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၉၆၄ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ဆေးဝါးကုသ

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၈၅ ဦး၊ ခွဲစိတ်ရောဂါ ၆၃ ဦး၊ သားဖွား၊ မီးယပ်ရောဂါ ၁၀၂ ဦး၊ ကလေး ရောဂါ ၁၃၆ ဦး၊ အရိုးရောဂါ ၈၇ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၉၁ ဦး၊ မျက်စိရောဂါ ၈၆ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၁၁၄ ဦး စုစုပေါင်း ၉၆၄ ဦး တို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးသည်။

ရောဂါရှာဖွေစမ်းသပ်

ထို့အပြင် ခွဲစိတ်ကုသရန်လိုအပ်သူ အထွေထွေခွဲစိတ်လူနာခုနစ်ဦးကို ခွဲစိတ်ကုသမှုများဆောင်ရွက်ပေးပြီး ဓာတ်မှန်ရိုက်လူနာ ၆၈ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၇၄ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၁၁၃ ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ ၁၃၉ ဦးနှင့် ကွန်ပျူတာဓာတ်မှန်ရိုက် လူနာခြောက်ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်