May 28, 2022
နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်ဦးမောင်မောင်သည် ယနေ့မွန်းလွဲပိုင်းက ဥတ္တရသီရိမြို့နယ်ရှိ ချောင်းမကြီးချောင်းအတွင်းရှိ သဲနုန်းများနှင့်အမှိုက်များတူးဖော်ဖယ်ရှားခြင်း၊ ချောင်းဖြောင့်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
May 28, 2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက မွန်ပြည်နယ်အတွင်း သမဝါယမလုပ်ငန်းများ၊ ရက်ကန်းလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ခေတ်မီစံပြကျေးရွာ (SMART Village) များ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးသည်။
May 28, 2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ မိုးကာအင်္ကျီ၊ ကျောပိုးအိတ်နှင့် ကျောင်းသုံးစာရေးကိရိယာများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက တိုင်းစစ် ဌာနချုပ်ခန်းမ၌ပြုလုပ်ရာ တိုင်းမှူးဗိုလ်ချုပ်နိုင်နိုင်ဦးနှင့်တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။
May 28, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဦးတည်ချက် ၉ ရပ် ချမှတ်ဆောင်ရွက်လျက်ရှိရာ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဆိုသည့် လူမှုရေးဦးတည်ချက်တစ်ရပ်ကိုလည်း ထည့်သွင်းချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော် ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် မျိုးဆက်သစ်လူငယ်များ၏ ပညာရည်မြင့်မားရေးအတွက် ပညာသင်အခွင့်အလမ်းပုံမှန်ပြန်လည်ရရှိစေရေးကို အထူးအလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
May 28, 2022
ရခိုင်ပြည်နယ် ပန်းခင်းစီမံချက် ပြည်နယ်လုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲကို ယနေ့နံနက် ၁၀ နာရီက စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပသည်။
May 28, 2022
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊အမှုထမ်း မိသားစုများကမြို့နယ် အသီးသီးရှိဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
May 28, 2022
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိရွှေကျင်နိကာယဥပ ဥက္ကဋ္ဌအဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက မဟာဓမ္မကထိက၊ဗဟုဇနဟိတဓရဒေါက်တာ ဘဒ္ဒန္တဉာဏိဿရထံမှ ဩဝါဒခံယူခြင်းနှင့် အလှူငွေပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ သီတဂူဇီဝိတစက္ခုဒါနဆေးရုံခန်းမ၌ပြုလုပ်ရာ သီတဂူဆရာတော်ဒေါက်တာဘဒ္ဒန္တဉာဏိဿရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူ ကြပြီးကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များတက်ရောက်ကြသည်။
May 28, 2022
မီးခိုးမထွက်သည့်စက်ရုံဆိုသည်မှာ အကျိုးအမြတ်ဖြစ်ထွန်းသည့်ခရီးသွားလုပ်ငန်းကို တင်စားပြောဆိုကြခြင်းဖြစ်သည်။ ခရီးသွားလုပ်ငန်းသည် အကျိုးအမြတ်များသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်၍ ကမ္ဘာပေါ်ရှိနိုင်ငံအများသည် ခရီးသွားလုပ်ငန်းကို ဦးစားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များနှင့် သဘာဝပတ်ဝန်းကျင်ကောင်းများကို ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်၍ ကမ္ဘာလှည့်ခရီးသွားများအား ဆွဲဆောင်နိုင်အောင် ကြိုးပမ်းအားထုတ်နေကြသည်။
May 28, 2022
အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းသူ၊ ကျောင်းသားလူငယ်များ ကျန်းမာပျော်ရွှင်စွာပညာသင်ယူနိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ကူးစက်ရောဂါများကြိုတင်ကာကွယ်ရေးတို့ကို မြို့နယ်အသီးသီးတို့တွင် ဆောင်ရွက်နေကြသည်။ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးတွင် ကျောင်းအဆောက်အအုံ၊ စာသင်ခန်းများနှင့် အိမ်သာ များ သန့်ရှင်းရေး၊ ရေကောင်းရေသန့်ရရှိရေး၊ အမှိုက်သရိုက်ကင်းစင်ရေး၊ ကျောင်းမုန့်ဈေးတန်းများ သန့်ရှင်းရေးနှင့်အစားအသောက်များ ဘေးကင်းလုံခြုံရေးတို့အတွက် စီမံခန့်ခွဲဆောင်ရွက်ကြရခြင်းဖြစ်ပြီး ကူးစက်ရောဂါများကြိုတင်ကာကွယ်ရေးတွင် လတ်တလောအနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့်သွေးလွန် တုပ်ကွေးရောဂါတို့ကို ကာကွယ်ရန်ဖြစ်သည်။
May 27, 2022
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ၂၀၂-၂၀၂၃ ပညာသင်နှစ် ဘွဲ့ကြိုကျောင်းသား/ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။