May 31, 2022
ဥပဒေရေးရာဝန်ကြီးဌာနသည် အသစ်ရွေးချယ် ခန့်ထားပြီးသော ဥပဒေအရာရှိ ၁၀၀ ကို လေ့ကျင့်သင်ကြားရန် “ဥပဒေအရာရှိ အဆင့်-၄ (အစမ်းခန့်)များ လုပ်ငန်းခွင်ဝင် သင်တန်းအမှတ်စဉ် ၁/၂၀၂၂ ” ကို မတ် ၂၉ ရက်မှ မေ ၃၁ အထိ ဖွင့်လှစ်ပို့ချလျက်ရှိသည်။
May 31, 2022
ကမ္ဘာ့နိုင်ငံများအားလုံးသည် မူးယစ်ဆေးဝါးပြဿနာကို အမျိုးသားရေးတာဝန်အဖြစ်သတ်မှတ်ပြီး အစဉ်အဆက် တိုက်ဖျက်လာခဲ့ကြသည်။ မူးယစ်ဆေးဝါးကို အလေးထားတိုက်ဖျက်ကြသော်လည်း ယနေ့ထက်တိုင် ကြီးထွားနေဆဲဖြစ်သည်ကို မြင်တွေ့ရမည်ဖြစ်သည်။ မူးယစ်ဆေးဝါးပြဿနာသည် လူမှုဘဝနှင့်ပတ်ဝန်းကျင်ကို ထိခိုက်စေသည့်အခြေအနေမှ နောက်ပိုင်းတွင် နိုင်ငံအဆင့် ကျယ်ပြန့်သည့် အန္တရာယ်များအထိ ဖြစ်လာသည်။
May 31, 2022
အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်နေ့အထိ သတ်မှတ်ထားရာ နိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများတွင် မေလ ၃၀ ရက်နေ့အထိ ကျောင်းအပ်နှံသူပေါင်း ၄၉ သိန်းခန့် ရှိပြီဖြစ်သည်။ ကျောင်းနေအရွယ်ကလေးများ၊ လူငယ်များအဖို့ ပညာရေးဟူသည် ရပ်တန့်ထားရကောင်းသည့် အရာမဟုတ်သည့် အလျောက်စဉ်ဆက်မပြတ် ပညာသင်ကြားနိုင်ရန် နိုင်ငံတော် အစိုးရ၊ မိဘ၊ ဆရာ၊ ကျောင်းသားတို့ လေးဦးလေးဖလှယ် ကြိုးစားကြရသည်။
May 30, 2022
၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့အားကစားရုံ၌ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသော မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊ ဦးရွှေကြိမ်းနှင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးသာဌေး၊
May 30, 2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ နတ်မြစ်ကမ်းနံဘေးရှိ မကျီးချောင်းဝ၌ လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် မန်ကျီးချောင်းဝ၏ အနောက်ဘက်နတ်မြစ်အတွင်း စက်လှေ ၁ စီးမျောပါနေကြောင်း တွေ့ရှိရသဖြင့် သွားရောက်စစ်ဆေးရာ အလျား ၆၅ ပေ၊ အနံ ၁၇ ပေရှိ လှိုင်ထက်စံအမည်ရှိ ကုန်တင်စက်လှေဖြစ်ကြောင်းသိရှိရပြီး လှေ၏ ဦးပိုင်းမှရေဝင်၍ နစ်မြုပ်လျက်ရှိသဖြင့် စက်လှေပေါ်ရှိ လှေပိုင်ရှင်အပါအဝင် အမျိုးသား ၆ ဦးကို ကူညီ ကယ်ဆယ်ခဲ့သည်။
May 30, 2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံမှု သီတင်းပတ်အဖြစ် မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ သတ်မှတ်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံမှုလက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိရာ ကျောင်းအပ်စတင် လက်ခံသည့် မေ ၂၆ ရက်မှ ယနေ့အထိ ၅ ရက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသူ ကျောင်းသား၊ ကျောင်းသူ ၄၈၉၄၄၂၈ ဦး ရှိကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။
May 30, 2022
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၃)ရပ်ကွက်၊ ရှင်ထွေးညိုလမ်းရှိ လမင်းလက်ဖက်ရည်ဆိုင်ရှေ့၌ မေ ၁၉ ရက် ညနေ ၃ နာရီခန့်တွင် ပစ်ခတ်မှုဖြစ်ပွားပြီး အဆိုပါမြို့နယ်နေ အမျိုးသမီးတစ်ဦး၏ ဆွဲကြိုးကို လုယက်ယူဆောင်ထွက်ပြေးသွားခဲ့သူများအား မေ ၂၈ ရက် နေ့လယ် ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
May 30, 2022
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် အခန်းကဏ္ဍတွင်ပါဝင်သောပညာရည် မြင့်မားရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရက ဘက်ပေါင်းစုံမှ မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုများကြောင့် ကျောင်းသား၊ ကျောင်းသူများ၏ စာသင်နှစ် နှစ်နာမှုများဖြစ်ပေါ်လာသဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အစွမ်းကုန်ဆောင်ရွက်ခဲ့ပြီး ရောဂါထိန်းချုပ်နိုင်သည်နှင့်တစ်ပြိုင်နက် စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ကာ လူ့စွမ်းအားအရင်းအမြစ်တိုးတက်ရေးအတွက် ကြိုးပမ်းခဲ့သော်လည်း NUG၊ PDF အမည်ခံ အကြမ်းဖက်သမားများသည် ၎င်းတို့၏ နိုင်ငံရေးအစွန်းရောက်အယူဝါဒများကို လက်ကိုင်ထား၍ ကျောင်းတက်ရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ပညာသင်ကြားပေးကြသည့် ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများအား ခြိမ်းခြောက် အကျပ်ကိုင်ခြင်း၊ ရက်စက်စွာသတ်ဖြတ်ခြင်း၊ ပညာရေးအဆောက်အဦများ၊ စာရွက်စာတမ်းများ၊ ပညာရေးအထောက်အကူ ပစ္စည်းများကို မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းများ၊ လက်လုပ်ဗုံးများဖြင့် ဖောက်ခွဲဖျက်ဆီးခြင်းများကို နေရာတစ်ချို့၌ ကျူးလွန်လုပ်ဆောင်လျက်ရှိကြသည်။
May 30, 2022
မြို့နယ်အချို့၌ အနာဂတ်မျိုးဆက်သစ်လူငယ်များနှင့် Human Resources (HR) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားမှုများ ဆောင်ရွက်ပေးလျက်ရှိသည့် စာသင်ကျောင်းများအား PDF အမည်ခံအကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းများကို လုပ်ဆောင်လျက်ရှိသည့်အပြင် နိုင်ငံ့ဝန်ထမ်းပီသစွာ စာပေသင်ကြားပေးလျက်ရှိသည့် ဆရာ၊ ဆရာမများအား ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခြင်းများကိုပါ လုပ်ဆောင်လျက်ရှိသည်။
May 30, 2022
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ