Skip to main content

Jun 08, 2022

ပြည်ထဲရေးဝန်ကြီးဌာနတပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 08, 2022

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် (၂၀၁၉-၂၀၂၀)၊ (၂၀၂၁-၂၀၂၂) ပညာသင်နှစ်များတွင် ဒီပလိုမာသင်တန်းအသီးသီးသို့ တက်ရောက်အောင်မြင်ခဲ့ကြသော ပြည်တွင်း၊ ပြည်ပ သင်တန်းသားများအား ဒီပလိုမာ(ဗုဒ္ဓဓမ္မ)အောင်လက်မှတ်များ ချီးမြှင့်အပ်နှင်းပွဲနှင့် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် သင်တန်းသားသစ်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် Seminar Hall ၌ ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 08, 2022

မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသောမြန်မာ့သမိုင်းစဉ်ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ မြန်မာ့သမိုင်းအဖွဲ့မှရေးသားပြုစုလျက်ရှိရာ ပရိုင်းမိတ်ကာလ၊ ကျောက်ခေတ်ကာလ၊ ကြေးခေတ်၊ သံခေတ်ကာလ၊ သမိုင်းတင်ခေတ်ဦးပိုင်း၊ ပျူခေတ်ကာလတို့နှင့်ပတ်သက်၍ မူကြမ်းရေးသားပြီးစီးနေပြီဖြစ်သည့် ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်သုတေသနပြုတွေ့ရှိချက်များ၊ ခေတ်မီသိပ္ပံနည်းကျသက်တမ်းတွက်ချက်မှုများ၊ ပြည်တွင်း/ ပြည်ပ ပညာရှင်များ၏ သုတေသနပြုဖော်ထုတ်တွေ့ရှိချက်များကို ပေါင်းစပ်ဖြည့်စွက်၍ ခိုင်မာသောသမိုင်းစဉ်ရရှိနိုင်ရန်အတွက် လက်တွေ့တူးဖော်သုတေသနပြုသည့်ပညာရှင်များ၊ ရှေးဟောင်းသုတေ သနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ အတွေ့အကြုံရင့်အရာရှိကြီးများ၊ လက်တွေ့ဆောင်ရွက်နေသည့်ဝန်ထမ်းများနှင့် မြန်မာ့သမိုင်းအဖွဲ့မှပညာရှင်ကြီးများ၊ ဝန်ထမ်းများ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲကို ဇွန် ၆ ရက်နှင့် ၇ ရက်တို့တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ရန်ကုန်ဌာနခွဲအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 08, 2022

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းက ဝန်ကြီးဌာနကျောက်စိမ်းခန်းမ၌ Tourism vs Skills Development ဟိုတယ်နှင့်ခရီးသွားကဏ္ဍကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် သည်။ 

ဆက်လက်ဖတ်ရှုရန်

Jun 08, 2022

ဥပဒေရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါဝန်ကြီးရုံးဝင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 08, 2022

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော သီရိလင်္ကာဒီမိုကရက်တစ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ်ခန့်အပ်ခံရသည့် H.E. Mr. J. M. Janaka Priyantha Bandara ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 08, 2022

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ၏(၂/၂၀၂၂)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 08, 2022

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများကို သဇင် FM ၏“ ပြည်သူ့ကြားကပြည်သူ့စကား” အစီအစဉ်မှ “စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် PDF အမည်ခံအကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းရှိ စာသင်ကျောင်းဆောင်နှစ်ဆောင်နှင့်စာသင်ခုံများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည့်ဖြစ်စဉ်” ခေါင်းစဉ်ဖြင့် ဇွန် ၈ ရက် မွန်းလွဲ ၁ နာရီ တွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 08, 2022

မူပိုင်ခွင့်(Copy Right)သည် ဥပဒေတစ်ရပ်ဖြစ်သည်။ ကိုယ်တိုင်ဖန်တီးထားမှုအား အကာအကွယ်ပေးခြင်းဖြစ်သည်။ မူပိုင်ခွင့်ဥပဒေသည် ဖန်တီးသူအတွက် ၎င်း၏ဖန်တီးထားသောအရာအားရောင်းချခြင်းဖြင့် ဝင်ငွေရရှိစေမှုကိုအထောက်အကူပြုသည်။ ထို့အပြင် ပိုင်ရှင်၏ ခွင့်ပြုချက်ရမှသာလျှင် ၎င်း၏လက်ရာ သို့မဟုတ် တီထွင်ပစ္စည်းကို ကူးယူနိုင်သည်။ တုပနိုင်သည်။ ခွင့်မပြုဘဲအသုံးပြုလျှင် အရေးယူခြင်းခံရနိုင်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 08, 2022

မိမိတို့၏ နေ့စဉ်လူမှုဘဝများတွင် ပလတ်စတစ်ပစ္စည်းအမျိုးမျိုးတို့ကို တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြသော်လည်း ၎င်းပစ္စည်းတို့၏ အန္တရာယ်အကြောင်းကို စဉ်းစားမိသူများလွန်စွာနည်းပါးမည် သို့မဟုတ် စဉ်းစားသူမရှိဟုပင် ယူဆနိုင်သည်။ ကမ္ဘာပေါ်တွင် နှစ်စဉ်ပလတ် စတစ်ပစ္စည်းမက်ထရစ်တန်ချိန် သန်း ၃၀၀ ခန့် ထုတ်လုပ်သုံးစွဲနေရာ ထက်ဝက်ခန့်မှာ တစ်ခါသုံးပစ္စည်းများဖြစ်ကြောင်း ခန့်မှန်းထားကြသည်။ ပလတ်စတစ်သည် ပြန်လည်ပြုပြင်ထုတ်လုပ်နိုင်သည့် ပစ္စည်းဖြစ်သော်လည်း ကောက်ယူစုဆောင်းပြီး ပြန်လည်ပြုပြင်ထုတ်လုပ် နိုင်မှုမှာလွန်စွာနည်းပါး၍ စွန့်ပစ်မှုနှင့်နေရာအနှံ့အပြားသို့ ပြန့်ကျဲရောက်ရှိနေမှုရာခိုင်နှုန်းက လွန်စွာများပြားသည်။

ဆက်လက်ဖတ်ရှုရန်