Skip to main content

ဥပဒေရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော် ဇွန် ၇

ဥပဒေရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါဝန်ကြီးရုံးဝင်း၌ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ရုံးအဝင်လမ်းဘေးရှိတစ်ဖက်ပိတ်ဆည်အတွင်းသို့ ငါးကြင်းသားပေါက်များကို စိုက်ထည့်ပေးသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်ဦးစန်းလွင်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများကဆည်အတွင်းသို့ ငါးကြင်းသားပေါက်ကောင်ရေ ၃၀၀၀ ကို စိုက်ထည့်ပေးကြသည်။ ယင်းနောက် ရုံးအနောက်ဘက်ကွန်ကရစ်လမ်းဝဲ/ယာရှိ သတ်မှတ်နေရာအသီးသီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း/ အမှုထမ်းများက ကျွန်း၊ ငု၊ ငုချယ်ရီ၊ ကံ့ကော်၊ ခရေ၊ သပြေ၊ စိန်ပန်းပင် ကြီး၊ ပျဉ်းမ၊ သီဟိုဠ် စုစုပေါင်း ၁၃၅ ပင်ကို စိုက်ပျိုးပေးခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အရာထမ်း/ အမှုထမ်းများ၏ သစ်ပင်စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်