Skip to main content

“ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်ထုတ်လွှင့်မည်

နေပြည်တော် ဇွန် ၇

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများကို သဇင် FM ၏“ ပြည်သူ့ကြားကပြည်သူ့စကား” အစီအစဉ်မှ “စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် PDF အမည်ခံအကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းရှိ စာသင်ကျောင်းဆောင်နှစ်ဆောင်နှင့်စာသင်ခုံများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည့်ဖြစ်စဉ်” ခေါင်းစဉ်ဖြင့် ဇွန် ၈ ရက် မွန်းလွဲ ၁ နာရီ တွင်ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။

ထို့ပြင် လာမည့်အပတ်ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင် “နောင်ချိုမြို့နယ် ပညာရေးမှူးရုံး နှစ်ထပ်ကျောင်းဆောင်အစည်းအဝေးခန်းမ၌ ပညာရေးဆိုင်ရာအစည်းအဝေးပြုလုပ်နေစဉ် PDF အမည်ခံအကြမ်းဖက်သမားများက ယုတ်မာရိုင်းစိုင်းစွာ မိုင်းထောင်ဖောက်ခွဲ၊ အခြေခံပညာ မူလတန်းလွန်ကျောင်းအုပ်ဆရာမကြီးတစ်ဦး သေဆုံး၊ ကျောင်းအုပ်၊ ဆရာ၊ ဆရာမခြောက်ဦး နှင့်အရပ်သားဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိမှုဖြစ်စဉ်” နှင့် ပတ်သက်သည့်ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူပရိသတ်များအနေဖြင့် အပတ်စဉ် ကြာသပတေးနေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့်ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့် ပါဝင်လာသည့်ပရိသတ်များ၏ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက်များကို လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်