Nov 14, 2020
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်သောအချက်အလက်များအရ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ တစ်ဝန်း၌ ဆီးချို သွေးချိုရောဂါဖြစ်ပွားသူပေါင်း ၄၆၃ သန်းကျော်ရှိနေပြီး နှစ်စဉ် အဆိုပါ ရောဂါနှင့် ဆက်စပ်၍ သေဆုံးသူပေါင်း ၄ ဒသမ ၂ သန်းကျော်ရှိသည်ဟု သိရသည်။ နှစ်စဉ်ကမ္ဘာပေါ်ရှိ လူလေး သန်း ကျော်သည် ဆီးချို၊ သွေးချိုရောဂါကို အကြောင်းပြု၍ သေဆုံးရသည့်သဘောရှိနေသည်။
Nov 13, 2020
(၁၂-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၃-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၅,၂၈၁) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၁၃၆) ဦး တွေ့ရှိရပါသည်။
Nov 13, 2020
ရန်ကုန်တိုင်းဒေသကြီး၌ နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဆန္ဒမဲရလဒ်များကို ယနေ့မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ဆက်လက်ထုတ်ပြန်ကြေညာသည်။
Nov 13, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဂျော်ဒန်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများကို တဲလ်အဲဗီးမြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် သတ္တမကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်း လိုင်း (MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့နံနက် ၆ နာရီခွဲ တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြ သည်။ အဆိုပါ ကယ်ဆယ်ရေး လေယာဉ်တွင် Century Miracle ကုမ္ပဏီတွင် အလုပ်လုပ် ကိုင်နေကြသည့် မြန်မာနိုင်ငံသား (၄၂) ဦး၊ Camel and Vega ကုမ္ပဏီမှ (၁၂၄) ဦး၊ စုစုပေါင်း မြန်မာနိုင်ငံသား (၁၆၆) ဦး ပါရှိကြောင်း သိရသည်။
Nov 13, 2020
ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲတော်ကြီး ကျင်းပရန်အတွက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ရာပြည့်ပွဲတော်အတွက် ပြင်ဆင်ဆောင်ရွက် ထားရှိမှုများ၊ ဆပ်ကော်မတီ အလိုက် ကျင်းပသွားမည့် အခမ်းအနားများနှင့် ပညာရေးကဏ္ဍ ပြန်လည်မြင့်မားစေရန် နိုင်ငံတကာနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်မှုအခြေအနေများကို သိရှိနိုင်ရန် ရန်ကုန်တက္ကသိုလ်၏ ၁၆ ဦးမြောက် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းအား မြန်မာ့ သတင်းစဉ်မှ ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
Nov 13, 2020
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ နိုဝင်ဘာ ၁၂ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
Nov 13, 2020
ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်၍ မွေးဖွားခဲ့သည့်အချိန်မှစ၍ ကျဆုံး သည့် အချိန်အထိတိုင် ကလေးဘဝ မူလတန်း၊ အလယ်တန်း ကျောင်းသားဘဝ၊ တက္ကသိုလ်ကျောင်းသားဘဝ၊ သခင်ဘဝ၊ လွတ်လပ်ရေး ကြိုးပမ်းမှုကာလ ဖြတ်သန်းလာခဲ့ရသော နိုင်ငံရေးသမားဘဝ၊ တပ်မတော်သား ဘဝနှင့် ဖဆပလခေတ်နိုင်ငံရေး ကြိုးပမ်းမှုဘဝများကို ပုံစံအမျိုးမျိုးဖြင့် ရဟန်းရှင်လူ ပညာရှိများ ရေးသားထားခဲ့သည်မှာ အများအပြားပင် ရှိပါသည်။ ထိုမျှမက လွတ်လပ်ရေး ကြိုးပမ်းမှုကာလ တစ်လျှောက် ပြောကြားခဲ့သော မိန့်ခွန်းများမှာလည်း များပြား လှပါသည်။ ပုံနှိပ်ထုတ်ဝေ ထားပြီးလည်း ဖြစ်ပါသည်။ ရှေ့ဆက်၍လည်း အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် ပတ်သက်သော အကြောင်းအရာများကို မိမိတို့ ဖော်ပြလိုသော အဓိက အကြောင်းအရာကို ဇောင်းပေး၍ ရေးသားပြုစု ထုတ်ဝေကြဦးမည် ဖြစ်ပါ သည်။
Nov 13, 2020
မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေဆဲဖြစ်ပြီး လက်ရှိ၌ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါဖြစ်ပွားမှုအခြေအနေမှာ တန်းနေသည့် သဘောရှိသည်။ ဓာတ်ခွဲစစ်ဆေးပြီး ရောဂါပိုးတွေ့ အတည်ပြုလူနာများမှာ နေ့စဉ် တစ်ထောင်ဝန်းကျင်ရှိနေဆဲဖြစ်ပြီး သေဆုံးသူ ဦးရေမှာမူ လျော့ကျလာရာ လာမည့်ရက်သတ္တပတ်ကာလများ၌ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အကောင်းအဆိုး အကြောင်း အကျိုး ပိုမိုသိလာနိုင်မည်ဖြစ်သည်။
Nov 13, 2020
၂၀၂၀ ပြည့်နှစ်၏လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ပြီးစီးခဲ့ပြီ။ မဲစာရင်းများကို ဆက်လက်ရေတွက်နေဆဲဖြစ်သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် နေရာအများစုတွင် အနိုင်ရရှိသည်ဟု ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်၏ထုတ်ပြန်ကြေညာချက်များအရ သိနေရပြီ ဖြစ်ပါသည်။
Nov 12, 2020
(၁၁-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၂-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၇,၂၅၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၁၄၅) ဦး တွေ့ရှိရပါသည်။
Nov 12, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြင်သစ်၊ စပိန်နှင့် အနီးတစ်ဝိုက် ဒေသများတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား (၄၃) ဦးအား မြန်မာသံရုံး၊ ပါရီမြို့မှ စီစဉ်သည့် Amelia လေကြောင်းလိုင်း ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့နံနက် (၈) နာရီခွဲတွင် လည်းကောင်း၊ ဂျပန်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာ သင်္ဘောသားများ အပါအဝင် မြန်မာ နိုင်ငံသား (၁၅၆) ဦးအား မြန်မာသံရုံး၊ တိုကျိုမြို့မှ စီစဉ်သည့် All Nippon Airways လေကြောင်းလိုင်း (ANA) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ (၅) နာရီတွင်လည်းကောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။
Nov 12, 2020
ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ ပဲခူးတိုင်းဒေသကြီးအားကစားခန်းမတွင် နိုဝင်ဘာ ၁၂ရက် နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရံပုံငွေဖြင့် ဝယ်ယူထားသည့် သင်တန်း နှင့် သရုပ်ပြပွဲသုံး ပစ္စည်းများ၊ အားကစားအထောက်အကူပြုပစ္စည်းများ၊ လေ့ကျင့်ရေးနှင့် ပြိုင်ပွဲသုံး အားကစားပစ္စည်းများအား တိုင်း၊ ခရိုင်၊ မြို့နယ်အားကစားနှင့် ကာယပညာ ကော်မတီ များနှင့် အားကစားကလပ်များထံသို့ ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
Nov 12, 2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့်ကာလအတွင်း စတုတ္ထအကြိမ် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ကျင်းပသည်။
Nov 12, 2020
ဂျာမနီနိုင်ငံသမဝါယမအသင်းစုချုပ်(DGRV)နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန သမဝါယမဦးစီးဌာနတို့ ပူးပေါင်း၍ မြန်မာနိုင်ငံ သမဝါယမများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံအတွင်းရှိ ကိုယ့်အားကိုယ်ကိုး သမဝါယမအသင်းများဖွံ့ဖြိုးတိုးတက်စေရန် မြှင့်တင်ပေးခြင်း စီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်ရန်နှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ အတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် Zoom Meeting စနစ်ဖြင့် ကျင်းပခဲ့သည်။
Nov 12, 2020
ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်၍ မွေးဖွားခဲ့သည့် အချိန်မှစ၍ ကျဆုံးသည့်အချိန်အထိတိုင် ကလေးဘဝ မူလတန်း၊ အလယ်တန်းကျောင်းသားဘဝ၊ တက္ကသိုလ် ကျောင်းသားဘဝ၊ သခင်ဘဝ၊ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလ ဖြတ်သန်းလာခဲ့ရသော နိုင်ငံရေးသမားဘဝ၊ တပ်မတော်သားဘဝနှင့် ဖဆပလခေတ် နိုင်ငံရေးကြိုးပမ်းမှု ဘဝများကို ပုံစံအမျိုးမျိုးဖြင့် ရဟန်းရှင်လူ ပညာရှိများ ရေးသားထားခဲ့သည်မှာ အများအပြားပင်ရှိပါသည်။ ထိုမျှမက လွတ်လပ်ရေးကြိုးပမ်းမှု ကာလတစ်လျှောက် ပြောကြားခဲ့သော မိန့်ခွန်းများမှာလည်း များပြားလှပါသည်။ ပုံနှိပ်ထုတ်ဝေ ထားပြီးလည်း ဖြစ်ပါသည်။ ရှေ့ဆက်၍လည်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သော အကြောင်းအရာများကို မိမိတို့ ဖော်ပြလို သော အဓိကအကြောင်းအရာကို စောင်းပေး၍ ရေးသားပြုစု ထုတ်ဝေကြဦးမည် ဖြစ်ပါသည်။
Nov 12, 2020
"ရန်ကုန်တက္ကသိုလ် ကံ့ကော်မြိုင်အငြိမ့် အနုပညာ အင်အားများနဲ့ ဖျော်ဖြေကန်တော့ ပန်ဆင် အလင်္ကာ တေးတစ်ပုဒ် ရွေးထုတ်ကာစီစဉ် ထောင့်ကိုးရာ နှစ်ဆယ်မှာ စတင်ပေါ်ခဲ့ပြီ... အလိမ္မာ စာမှာအရှိမို့ ပြောပါရစေ အတည် သမိုင်းကြောင်းအထောက်အထား အမြောက် အမြားရှိခဲ့ပြီ ထူးချွန်ထက်မြက်လှတဲ့ နိုင်ငံ့သားကောင်း များစွာပေါ်ခဲ့ပြီ . . ."
Nov 12, 2020
မြန်မာအမျိုးသားတို့၏ တောင်းဆိုမှုများဖြင့် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့၏ ဂုဏ်ဒြပ်ကို မြှင့်တင်ပေးသည့် တက္ကသိုလ်ကြီး ၁၉၂၀ ပြည့်နှစ်တွင် ပေါ်ပေါက်လာခဲ့သည်။ ရန်ကုန်တက္ကသိုလ် မွေးဖွားလာခြင်းသည် မြန်မာလူမျိုးတို့၏ ပညာအဆင့်အတန်း မြန်မာတို့၏ ဂုဏ်အသရေ တိုးပွားလာရေးအတွက် သာမက မြန်မာတစ်မျိုးသားလုံး ကျွန်အဖြစ်မှ သခင်ဖြစ်အောင်၊ မလွတ်လပ်သည့်ဘဝမှ လွတ်လပ်သည့်ဘဝရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့သည်။
Nov 12, 2020
ကိုဗစ်ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုများကြောင့် ဖြစ်စေ၊ ပြည်သူတို့ အကြား ထုတ်လွှင့်မျှဝေပေးနေသည့် သတင်းတု၊ သတင်းယောင်နှင့် လုပ်ကြံကောလာဟလများကြောင့် ဖြစ်စေ၊ ပြည်တွင်းကရော၊ ပြည်ပကရော မျှဝေနေသည့် မဲမပေးရေးဝါဒဖြန့်ချိမှုများက မည်သို့ပင်ပြောဆိုနေကြသည် ဖြစ်စေ၊ မြန်မာပြည်သူတို့က မဲရုံများသို့ သွားကာ မဲပေးကြခြင်းဖြင့် နိုင်ငံသားတစ်ဦးအနေဖြင့် ကိုယ့်တာဝန် ကိုယ်ကျေပွန်အောင် ထမ်းဆောင်ခဲ့ကြပြီးဖြစ်သည်။
Nov 11, 2020
ကိုဗစ်-၁၉ ကာကွယ်ဆေး ပေါ်ပေါက် ရရှိပါက စနစ်တကျ ထိုးနှံပေးနိုင်ရေး ကြိုတင် ပြင်ဆင်ထားရှိမှု ဗဟိုအဆင့် အစည်းအဝေးကို နံနက်ပိုင်းတွင် ဗီဒီယိုကွင်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Nov 11, 2020
ပြည်ထောင်စု ရွေးကောက်ပွဲကော်ရှင်အဖွဲ့ဝင် ဦးမြင့်နိုင်နှင့် ဦးသန်းဌေး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦး တို့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ရုံး၌ သတင်းမီဒီယာများနှင့် တွေ့ဆုံပြီး ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပခဲ့မှု၊ ရွေးကောက်ပွဲ ရလဒ်များ ထုတ်ပြန်ကြေညာနေမှု အပါအဝင် ရွေးကောက်ပွဲဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
