Skip to main content

Nov 17, 2020

မြန်မာနိုင်ငံသည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင်ကျင်းပသည့် (၄) ကြိမ်မြောက် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု RCEP သဘောတူစာချုပ်၌ ပါဝင်လက်မှတ် ရေးထိုးနိုင်ခဲ့ပြီဖြစ်ရာ ကမ္ဘာ့အကြီးဆုံး လွတ်လပ်သော ကုန်သွယ်မှုဒေသ၏ အဖွဲ့ဝင်နိုင်ငံအဖြစ် နိုင်ငံတကာ ကုန်သွယ်မှုတွင် ပါဝင်လုပ်ကိုင်ခွင့်ရလာတော့မည် ဖြစ်သည်

ဆက်လက်ဖတ်ရှုရန်

Nov 16, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံ တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၃၆)ဦးအား မနီလာမြို့ မြန်မာသံရုံးမှ စီစဉ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေး လေယာဉ်ဖြင့်ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ည ၆ နာရီခွဲတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 16, 2020

(၁၇) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ (The 17th China-ASEAN Expo) နှင့် (၁၇) ကြိမ်မြောက် တရုတ်-အာဆီယံစီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုထိပ်သီး အစည်းအဝေး (The 17th China-ASEAN Business and Investment Summit) ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကွမ်ရှီး ပြည်နယ်၊ နန်နင်းမြို့တွင် နိုဝင်ဘာ ၂၇ ရက်မှ ၃၀ ရက်အထိ Online ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ On line CAEXPO ၌ B2B အစီအစဉ်များတွင် one- on-one match meeting ပွဲနှင့် Business Matching များ၊ On line Business Talks များ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 16, 2020

နိုင်ငံရေးလုပ်သည်ဆိုခြင်းမှာ အများအကျိုးအတွက် မိမိ၏ ကိုယ်ကျိုးစီးပွားကို အနည်းနှင့်အများဆိုသလို စွန့်လွှတ်အနစ်နာခံကြရသည်ချည်းသာ။ ထို့ကြောင့်ပင် နိုင်ငံရေးသမားသည် ခံစားတတ်သော နှလုံးသားရှိဖို့ လိုအပ်သလို၊ စဉ်းစားတွေးတော မြော်မြင် နိုင်သော အသိဉာဏ်ရှိဖို့လည်း လိုသည်သာ။ အကျင့်သိက္ခာကောင်း ဖို့လိုသလို ရင့်ကျက်မှုရှိဖို့၊ ဇွဲရှိဖို့၊ ဝီရိယကြီးဖို့လည်း လိုပါမည်။

ဆက်လက်ဖတ်ရှုရန်

Nov 16, 2020

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်သော (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်သော (၂၃) ကြိမ်မြောက် အာဆီယံ+၃ ထိပ်သီးအစည်းအဝေးနှင့် (၁၅) ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးများသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2020

(၁၄-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၅-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၃,၃၄၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၉၈၃) ဦး တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2020

မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ် ဟိန္ဒူ ဖောင်ဒေးရှင်း (ဗဟို)က ကြီးမှူးကျင်းပသည့် ဒီပါဝလီပွဲတော်အထိမ်းအမှတ် ဆီမီးထွန်းညှိပူဇော်ပွဲအခမ်းအနားကို နိုဝင်ဘာ (၁၄)ရက် ညနေ(၆) နာရီက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် (၅၄)လမ်းရှိ အဆိုပါ ဖောင်ဒေးရှင်းရုံး ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2020

၁။ COVID-19 ကူးစက်ရောဂါ ကာလအတွင်း၌ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီး၌ သင်္ဘောဆင်း၍ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းနေကြသည့် မြန်မာသင်္ဘောသားနှင့် မြန်မာနိုင်ငံသား (၉၉) ဦးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့နှင့် Dragon Tun ကုမ္ပဏီ၏ စီစဉ်မှုဖြင့် ၁၅-၁၁-၂၀၂၀ ရက်နေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ဖြင့် အထူးကယ်ဆယ်ရေး လေယာဉ်ပျံသန်းပြေးဆွဲပေးခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2020

(၁၄-၁၁-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၂၇၇) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2020

ဟိုပုံးမြို့နယ် ဟိုတင့်ကျေးရွာအနီး မော်တော်ယာဉ်များအား ရပ်တန့်ရှာဖွေရာ ငွေကျပ်သိန်း ၈ဝဝဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2020

ဒဂုံမြို့သစ်(မြောက်ပိုင်း) (၃၄)ရပ်ကွက်၊ ဦးဝိစာရလမ်းရှိ ရွှေဆိုင်သို့ နိုဝင်ဘာလ ပထမပတ်က လူနှစ်ဦး က ရွှေတုံးတစ်တုံးလျှင် ၁၀ ကျပ်သားခန့်ရှိ ရွှေတုံးနှစ်တုံးအား ပိုင်ဆိုင်မှုအထောက်အထားမရှိဘဲ လာရောက်ရောင်းချနေကြောင်း ဖုန်းဖြင့် ဆက်သွယ်အကြောင်း ကြားသဖြင့် ရဲတပ်ဖွဲ့ဝင်များ သွား ရောက်စစ်ဆေးရာ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ (၅) ရပ်ကွက်၊ တပင်ရွှေထီးလမ်း (ကျူး) နေ ကျော်နိုင်(ခ)ကျော်ကျော်နိုင်နှင့် ၎င်း၏ဇနီး မီးမီး (ခ) ခိုင်ဇင်ဝင်း တို့ဖြစ်ပြီး အဆိုပါ ရွှေတုံးနှစ်တုံးအား ၎င်းတို့၏ တူ အောင်ကျော်မြင့်က ရောင်းခိုင်းခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မ ရဲစခန်း၌ အမှုဖွင့်အရေးယူခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2020

တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်းတို့အား ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ၂၀၁၇ ခုနှစ် မတ်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၃ ရက်တွင် မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီး တစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၆၀၇ စီး၊ သွင်းကုန် ၂၆၁ စီး၊ ရန်ကုန်-မြဝတီ လမ်းမကြီး တစ်လျှောက် ကုန်သွယ်မှုယာဉ်သွင်းကုန် ၁၄၂ စီး ကုန်စည်များ သယ်ယူပို့ဆောင် လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2020

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်တွင် ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာ ပြည့်မြောက် မည် ဖြစ်သောကြောင့် ရန်ကုန်တက္ကသိုလ်၏ နှစ် (၁၀၀) ပြည့် အကြိုအထိမ်းအမှတ် အစီအစဉ်များကို ကျင်းပလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2020

“ဆရာ မပြ နည်းမကျ” ဥပမာစကားကဲ့သို့ မည်သည့်အသိပညာ၊ အတတ် ပညာတွင်မဆို၊ ပညာနှင့်ဆိုင်သော မည်သည့်အကြောင်းအရာကိစ္စတွင်မဆို အတွေ့ အကြုံများသော၊ အသိဉာဏ်ပညာမြင့်မားသော ဆရာသမားများ၏ လမ်းညွှန်ပြသပေးမှုမရှိလျှင် နည်းလမ်းမကျ အောင်မြင်မှုမရ ဖြစ်တတ်ပေသည်။ ဆရာသမားများ၏လမ်းညွှန်ပြသပေးမှုများကို စနစ်တကျနာယူရပါက “ဆရာကောင်းတပည့် ပန်းကောင်းပန်”ဆိုသကဲ့သို့ နယ်ပယ်အသီးသီး၌ အောင်မြင်ထင်ရှားသူများ ဖြစ်လာနိုင်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2020

ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲတော်ကြီးကျင်းပရန်အတွက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ရာပြည့်ပွဲတော်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ ဆပ်ကော်မတီအလိုက် ကျင်းပသွားမည့်အခမ်းအနားများနှင့် ပညာရေးကဏ္ဍ ပြန်လည်မြင့်မားစေရန် နိုင်ငံတကာနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ရှိမှု အခြေအနေများကို သိရှိနိုင်ရန် ရန်ကုန်တက္ကသိုလ်၏ ၁၆ ဦးမြောက် ပါမောက္ခချုပ် ဒေါက်တာ ဖိုးကောင်းအား မြန်မာ့သတင်းစဉ်မှ ဆက်သွယ်မေးမြန်းထား သည်များကို ဖော်ပြလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2020

အမိရန်ကုန်တက္ကသိုလ်ရဲ့ နှစ်တစ်ရာပြည့် အချိန်နီးကပ်လာတာနဲ့အမျှ ကျွန်မရင်ထဲမှာ မဖော်ပြနိုင်တဲ့ ပီတိတစ်မျိုးကို ခံစားရပါတယ်။ မြန်မာစာကျောင်းသူတစ်ယောက်ဘ၀ကနေ မြန်မာစာဆရာမဘ၀နဲ့ တက္ကသိုလ်အသီးသီးမှာ အမှုထမ်းခဲ့တယ်၊ ပါမောက္ခတစ်ယောက်ဖြစ်မှ ရန်ကုန်တက္ကသိုလ်ကို ပြန်ရောက်လာရတာဟာ အမိမြေရဲ့တာဝန်ကို ပြန်ထမ်းဖို့လာရတာပဲလို့ ခံယူမိတာ မျိုးပါ။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2020

ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းဝေး (၁၅/၂၀၂၀) ကို ယနေ့နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2020

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းအပေါ် ပြည်ပနိုင်ငံ အကြီးအကဲများက ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2020

ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုက အရှိန်ရှိနေဆဲ။ သည့်ထက်ပိုဆို ရလျှင် ရောဂါပိုး၏ အန္တရာယ်ကို ပေါ့ပေါ့ဆဆ သဘောထားလို့ မရသေး။ မိမိတို့သတိထားမှုကိုလျှော့လို့မရသေး။ မြန်မာနိုင်ငံအတွင်း ကူးစက်ပြန့်ပွားမှုက ရှိနေဆဲဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်