Skip to main content

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာမီးရထားမှ မန္တလေး - နေပြည်တော် - ရွာသာကြီးအမှတ် (၉၂၄) အစုန် ကုန်သေတ္တာတင်ရထားခရီးစဉ်ပြေးဆွဲ

နေပြည်တော် မတ် ၁၉ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်း၏ ပို့ဆောင်ရေးကဏ္ဍတွင် မြန်မာ့မီးရထားသည် ခရီးသည်နှင့် ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် အရေအတွက်များများသယ်ယူ ပို့ဆောင်ပေး နိုင်သဖြင့် မဖြစ် မနေ ပြေးဆွဲပေးရမည့် လုပ်ငန်းတစ်ခုပင်ဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများ ချောမွေ့ဖြောင့်တန်းစွာ သွားလာနိုင်ရေးမှာ ပြည်သူများ နေ့စဉ် နှင့်အမျှ လူမှုရေး၊ စီးပွားရေး အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက်ဖြစ်ပြီး နိုင်ငံတော်ဖွံဖြိုးတိုးတက် ရေးအတွက်လည်း အထောက်အကူပြုလျက်ရှိသည်။ သို့ဖြစ်၍ နိုင်ငံတော်နှင့် ပြည်သူတို့အားထားနိုင်သည့် ရထားလုပ်ငန်းတစ်ခုအဖြစ် ရပ်တည်နိုင်ရေး မန္တလေး-နေပြည်တော်-ရွာသာကြီးလမ်းပိုင်း အမှတ်(၉၂၄) အစုန် ကုန်သေတ္တာတင်ရထားနှင့် RBE 25100, 25107 (၂)စီးတို့ကို မတ် (၁၇) ရက် နံနက် ၆ နာရီ ၃၅ မိနစ်တွင် မန္တလေး ဘူတာကြီးမှ စတင်ပြေးဆွဲခဲ့သည်။ မန္တလေးမှ ထွက်ခွာလာသော အမှတ်(၉၂၄) အစုန် ကုန်သေတ္တာတင်ရထားသည် သာစည်ဘူတာ ၌ ကုန်တွဲ (၁၉)တွဲ၊ ဘရိတ်တွဲ (၁)တွဲအား ချိတ်ဆက်ပြီး ဆက်လက်ထွက်ခွာလာရာ နေပြည်တော်သို့ ည ၉ နာရီခွဲတွင် ရောက်ရှိ ညအိပ်အခြေပြုခဲ့သည်။ ခရီးစဉ်အတွင်း မိုင်တိုင် (၃၂၀/၁)တွင် မသမာသူ အကြမ်း ဖက်သမားများက သံလမ်း၏သံလမ်းဆက် (၂)ခု ဖြုတ်ထားခြင်းနှင့် ကွန်ကရစ်ဇလီဖား (၁၉)တုံး၏ သံလမ်း ထိန်းကလစ်(၃၈)ခု ဖြုတ်ထား ကြောင်း တွေ့ရှိရသဖြင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာ့မီးရထား ဝန်ထမ်းများက ပြန်လည်ပြုပြင်တပ်ဆင်ခဲ့ရသည်။ မတ်(၁၈)ရက် နံနက် (၇)နာရီတွင် နေပြည်တော်မှ ဆက်လက် ထွက်ခွာလာရာ ပြွန်တန်ဆာ ဘူတာသို့ ည ၉ နာရီ ၁၅ မိနစ်တွင် ရောက်ရှိ ညအိပ်အခြေပြုခဲ့သည်။ ထို့နောက် ယနေ့ နံနက်(၇)နာရီတွင် ပြွန်တန်ဆာဘူတာမှ ထွက်ခွာလာရာ ခရီးဆုံးနေရာ ဖြစ်သည့် ရွာသာကြီးကုန်းတွင်းဆိပ်သို့ ညနေ၅ နာရီ ၁၅ မိနစ်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ခရီးစဉ်အတွင်း မသမာသူ အကြမ်းဖက်သမားများက ရွှေလှေနှင့် ပဲခူးဘူတာကြား၌ သံလမ်းထိန်းကလစ် (၆)ဆက်အား ဖြုတ်ထားကြောင်းတွေ့ရှိရသဖြင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာ့မီးရထားဝန်ထမ်းများက ပြန်လည်ပြုပြင် တပ်ဆင် ခဲ့ရသည်။ ထိုကဲ့သို့သော မသမာသူအကြမ်းဖက်သမားများ၏ လုပ်ရပ်များနှင့် နှောက်ယှက် ဖျက်ဆီး မှုများအတွက် မြန်မာ့မီးရထားမှ သက်ဆိုင်ရာနယ်မြေရဲစခန်း၌ ဥပဒေနှင့်အညီ အမှုဖွင့်လှစ်၍ အရေးယူ မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)