Skip to main content

ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူ များ ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

နေပြည်တော် မတ် ၁၉ တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅) နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တိုင်းရင်းသားပြည်သူများကို ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက်ဆေးပစ္စည်းများအား တပ်မတော်လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေးလျက် ရှိသည်။ “ ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများကို သတ်မှတ် နေရာအသီးသီး၌ လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ အေးသာယာမြို့၊ ကလောမြို့၊ အောင်ပန်းမြို့၊ ဟိုပုံး မြို့၊ ပင်လောင်းမြို့နယ်၊ ပင်းတယမြို့နယ်၊ ရွာငံ မြို့နယ်၊ ဆီဆိုင်မြို့နယ်၊ မိုးဗြဲမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ လင်းခေးမြို့၊ လွိုင်လင်မြို့၊ နမ့်စန်မြို့၊ မောက်မယ် မြို့နှင့် ကယားပြည်နယ် လွိုင်ကော်မြို့၊ ဘောလခဲ မြို့နယ်များအတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော် ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများကို သတ်မှတ်နေရာ အသီးသီး၌ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီး များအား သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ရုံး ဘုရားကျောင်းဆောင်၌ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသ ကြီး ကန်ကြီးထောင့်မြို့၊ ကျုံပျော်မြို့၊ ရေကြည်မြို့နှင့် ငပုတောမြို့များအတွင်းရှိ သံဃာတော်များ၊ ဌာန ဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို သတ်မှတ်နေရာအသီးသီး၌ လည်းကောင်း၊ ရခိုင် ပြည်နယ် စစ်တွေမြို့ရှိ ထေရ်ကြီးဝါကြီး ဆရာတော် ကြီးအား သတ်မှတ်နေရာ၌ လည်းကောင်း၊ မန္တလေး တိုင်းဒေသကြီး မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီမှ ဌာနဆိုင်ရာဝန်ထမ်းများကို သတ်မှတ်နေရာအသီးသီး၌ လည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှတပ်မတော်သား ( ပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများပါဝင်သော ဆေးအဖွဲ့များက CDM တွင် ပါဝင်ခြင်းမရှိဘဲ ပြည်သူ လူထု၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ကို ဆောင်ရွက်ပေးနေသည့် ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ ပူးပေါင်း၍ ကျန်းမာရေးစစ်ဆေးပေးပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံ ပေးခြင်းများ ဆောင်ရွက် ပေးကြသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး သံဃာတော်များအား ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သတင်းရရှိသည်။ သတင်းစဉ်